စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းသည့်အခမ်းအနား ကျင်းပခြင်း

နေပြည်တော် နိုဝင်ဘာလ ၉

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၉-၁၁-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ စက်သုံးဆီ  တင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခွန်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များအတွက် စက်သုံးဆီဆိုင်များ တွင် Flow Meter တပ်ဆင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းအား သတင်းအချက်အလက်စောင့်ကြည့်‌ခြင်းစနစ်များ တပ်ဆင်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

   အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ပြည်တွင်အခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE) မှ ညွှန်ကြားရေးမှူး ဦးသိန်းထွေးနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။