ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Mr.Steve Mongelluzzo၊ Mr.Thomas McMurray တို့တွေ့ဆုံခြင်း

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင်      ၁-၁၀-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီ၌ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာတိုက်ဌာန၊ နည်းပညာအကူအညီပေးရေးရုံး(USOTA) မှ Mr. Steve Mongelluzzo ၊ Mr. Thomas McMurray (LTO Resident Advisor) တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်တို့တွေ့ဆုံပြီး ပြည်တွင်းအခွန်များဦးစီးဌာန၌ ဖွင့်လှစ်မည့် သတင်းဆက်သွယ် ပြန်ကြားရေးသင်တန်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။