လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆွေးနွေးပို့ချခြင်း

နေပြည်တော် ဇွန် ၆                                                                                                                                                                 

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြံပေးပညာရှင် Mr. Raymond Watkins သည် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား  လုပ်ဆောင်ရာတွင် အထက်အဆင့်စီမံခန့်ခွဲသူများသည် လူမှန်နေရာမှန်ဖြင့် ဝန်ထမ်းအင်အား(လုပ်အား)ကို ကြိုတင်စီမံနိုင်ရန်နှင့် လေ့ကျင့်ရေးကဏ္ဍများတွင်လည်း ထိရောက်သည့် နည်းပြဆရာများ ရွေးချယ်တာဝန်ပေးအပ်နိုင်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

   အဆိုပါဆွေးနွေးပွဲသို့  ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဥပဒေနှင့်မူဝါဒရေးရာ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။