အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ်ဦးစီးကော်မတီ(PSC) ၏စီမံချက် အစီရင်ခံစာ (Project Report) များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အင်္ဂလိပ်စာသင်တန်းခန်းမတွင် ၁၅- ၁၁-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ် ဦးစီးကော်မတီ(PSC)၏ စီမံချက်အစီရင်ခံစာ (Project Report) များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ Resident Advisor ဖြစ်သူ Mr. Gregory Topping မှ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ် ဦးစီးကော်မတီ (PSC) ၏ စီမံချက်အစီရင်ခံစာ (Project Report) များနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါသည်။