အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

      ရန်ကုန်     သြဂုတ်လ    ၂၃ 

          ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှု အခြေအနေအား အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ရန် ရည်ရွယ်၍ အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Revenue Forecasting Workshop)ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမ၌ ၂၃-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် World Bank မှ Economic Analyst Mr. Thanapat Reungsri နှင့် IMF မှ Policy and Legal Adviser Mr. Michael Oomen တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာန အခွန်မူဝါဒနှင့်သုတေသနဌာနခွဲနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ အရာထမ်း/အမှုထမ်း (၁၁)ဦးတို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။