၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအား ပြည်တွင်းသတင်း မီဒီယာများသို့ ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော်၊ အောက်တိုဘာလ  ၄

    ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၄-၁၀-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြည်တွင်း သတင်းမီဒီယာများအား ရှင်းလင်းဆွေးနွေးသည့် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

  ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြန်ကြားရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍  အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ခြင်း၊ စကားရပ်များဖြည့်စွက်/ပြင်ဆင်ပြောင်းလဲခြင်းနှင့် ယင်းဥပဒေ၏ အကျိုးသက်ရောက်မည့်ကာလ သတ်မှတ်ခြင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်တွင်းသတင်းမီဒီယာ (၁၆) ခုမှ တက်ရောက်ခဲ့ကြပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။