World Bank မှ Assessment Field Work Mission အဖွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံခြင်း
နေပြည်တော် မေ ၂၀
နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ World Bank မှ Assessment Field Work Mission အဖွဲ့သည် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ 2019 PEFA Assessment နှင့်စပ်လျဉ်း၍ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲသို့ World Bank ၊ Assessment Field Work Mission အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်၊ စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစောနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။