ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ ပြည်ပမှရေနံစိမ်းများ တင်သွင်း၍ အဆိုပါ ရေနံစိမ်းများအား ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီစသည့် စက်ဆီများအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည် တင်ပို့ရောင်းချရာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ နှင့် ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည်

Answer

ပြည်ပမှရေနံစိမ်းများတင်သွင်းပါက တင်သွင်းစဉ်ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ)အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % အား ကြိုတင် ခွန်အဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး၊ အဆိုပါ ရေနံစိမ်းများ အား ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီများအဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၁၇ (ခ) အရ ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် သုညရာခိုင်နှုန်း ကျသင့်ပါသည်။ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့် အညီခုနှိမ်နိုင်ပြီး၊ ပြည်ပတင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် အောက် လျော့နည်းပါက ပြန်အမ်းငွေတောင်းခံနိုင်သည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ ပြည်ပမှရေနံစိမ်းများ တင်သွင်း၍ အဆိုပါ ရေနံစိမ်းများအား ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီစသည့် စက်ဆီများအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည် တင်ပို့ရောင်းချရာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ နှင့် ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ခွင့် ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက Documentry Photograpy နှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေး ပွဲများအတွက် ဓါတ်ပုံပြခန်းအားငှားရမ်းခြင်းလုပ်ကိုင်ရာသံရုံးများ၊ နိုင်ငံခြားအဖွဲ့ အစည်းများမှ လာရောက်ဌားရမ်းခြင်းအပေါ်ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရ ခြင်း ရှိ/မရှိ

Answer

Documentary Photography နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ဓါတ်ပုံပြခန်းများကို ငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါအခွန်မကျသင့်သည့် ဝန်ဆောင်မှု(၂၉)မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၅ ( ခ )အရ ဓါတ်ပုံပြခန်းအား ငှားရမ်းခြင်းလုပ်ကိုင်သည့် ကုမ္ပဏီသည် ဝန်ဆောင်မှုကိုရယူမည့် သံရုံးများ၊ နိုင်ငံခြားအဖွဲ့အစည်းများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံ၍ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂ (က)အရ ဝန်ဆောင်မှုရငွေရရှိသည့် သက်ဆိုင်ရာလကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက Documentry Photograpy နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ဓါတ်ပုံပြခန်းအားငှားရမ်းခြင်းလုပ်ကိုင်ရာသံရုံးများ၊ နိုင်ငံခြားအဖွဲ့အစည်းများမှ လာရောက်ဌားရမ်းခြင်းအပေါ်ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရခြင်းရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှသီးနှံများ၏ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့၊ မျိုးပင်များ တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

ပြည်ပမှသီးနှံများ၏ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့၊ မျိုးပင်များတင်သွင်းပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ  ၁၄(က) အမှတ်စဉ် (၇၆) ၌ပါ၀င်ပြီး ပုဒ်မခွဲ (ဂ) (၁) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ပြန်လည်ရောင်းချခြင်းအပေါ်တွင်လည်း ပုဒ်မခွဲ (ဂ) (၂) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှသီးနှံများ၏ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့၊ မျိုးပင်များ တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီအနေဖြင့် ပြည်တွင်း၌ ဆန်ပွဲရုံဖွင့်လှစ်၍ ဆန်ရောင်းချခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်ပ သို့ ဆန်တင်ပို့ ရောင်းချမည်ဖြစ်ရာ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

ဆန်ပွဲရုံဖွင့်လှစ်၍ ဆန်ရောင်းချခြင်းလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက် ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(က) အမှတ်စဉ်(၁)အရ အခွန်မကျသင့်သည့် ကုန်စည်အမျိုးအစားဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဆန်တင်ပို့ရောင်းချခြင်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇(ခ)အရ ပြည်ပသို့တင်ပို့ ရောင်းချခြင်းအပေါ် သုညရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီအနေဖြင့် ပြည်တွင်း၌ ဆန်ပွဲရုံဖွင့်လှစ်၍ ဆန်ရောင်းချခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့်   ပြည်ပသို့ ဆန်တင်ပို့ ရောင်းချမည်ဖြစ်ရာ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီသည် လမ်းအသုံးပြုခကောက်ခံသည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်း ခြင်း။

Answer

လမ်းအသုံးပြုခကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၄(ဃ) အမှတ်စဉ်(၁၈) အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု (၂၉) မျိုးတွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်းမရှိပါ။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီသည် လမ်းအသုံးပြုခကောက်ခံသည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်း ခြင်း။

Engineering Service လုပ်ကိုင်သည့်ကုမ္ပဏီတစ်ခုက ၄င်း Service လုပ်ကိုင်ခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

Engineering Service လုပ်ကိုင်ဆောင်ရွက်ခြင်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက် ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(ဃ) ဇယားပါအခွန်ကျသင့်သည့်၀န်ဆောင်မှု (၂၉) မျိုးတွင် မပါ၀င်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါ သည်။

Question

Engineering Service လုပ်ကိုင်သည့်ကုမ္ပဏီတစ်ခုက ၄င်း Service လုပ်ကိုင်ခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ မေးမြန်းခြင်း။  

ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခု၌ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်သူတစ်ဦးက ဧည့်ခံပွဲ ကုန်ကျ စရိတ်ပေးချေရန် ဟိုတယ်မှပြေစာပေးအပ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅% ဖြစ်သည့် တန်ဖိုးငွေ ကျပ် ၁၄ သိန်း အား ပါဝင်တောင်းခံထားသော်လည်းပြေစာတွင် အခွန်အမှတ် တံဆိပ်တန်ဖိုးကပ်နှိပ်ပေ

Answer

ဟိုတယ်၊ စားသောက်ဆိုင်နှင့် တည်းခိုခန်းလုပ်ကိုင်သည့် လုပ်ငန်းများအနေဖြင့် ငွေလက်ခံရရှိကြောင်း ပြေစာထုတ်ပေးရာတွင် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်နှင့် ညီမျှသည့် တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရမည်ဖြစ်ပြီး ယင်းသို့ပျက်ကွက်ပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁ပုဒ်မခွဲ(စ)အရ ကျသင့်အခွန်၏ တစ်ရာရာခိုင်နှုန်း ဖြစ်သော စည်းကြပ်တပ်ရိုက်သည့် ဒဏ်ငွေအပြင် အကြိမ်အလိုက် ပျက်ကွက်ခြင်းအတွက် ဒဏ်တပ်ရိုက်သည့် ဒဏ်ငွေတို့နှင့် ယင်းစုစုပေါင်း ဒဏ်ငွေတို့အပေါ် တစ်ဆယ်ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မည်ဖြစ်ပါသည်။

Question

ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခု၌ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်သူတစ်ဦးက ဧည့်ခံပွဲကုန်ကျစရိတ်ပေးချေရန် ဟိုတယ်မှပြေစာပေးအပ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅% ဖြစ်သည့် တန်ဖိုးငွေ ကျပ်၁၄သိန်းအား ပါဝင်တောင်းခံထားသော်လည်းပြေစာတွင် အခွန်အမှတ်တံဆိပ်တန်ဖိုး ကပ်နှိပ်ပေးခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ယင်းသို့ပျက်ကွက်သည့်အတွက် သတင်းပေးတင်ပြပါက သတင်းပေးတင်ပြသူအား ဆုကြေးငွေ မည်မျှချီးမြှင့်ပါကြောင်း သိလိုသဖြင့် မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှ Steel ပစ္စည်းများတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ရောင်းချမည်ဖြစ်ရာ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ % အားခုနှိမ်၍ ရ/မရကို သိလိုသဖြင့်မေးမြန်းခြင်း။

Answer

ပြည်ပမှ Steel ပစ္စည်းများတင်သွင်းစဉ်၌ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅% အား ကြိုတင်ခွန်များအဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချရာ၌ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဂ)(၁) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့် မည်ဖြစ်ပါသည်။ ပြန်လည်ရောင်းချရာတွင် ကျသင့်အခွန်၌ တင်သွင်းစဉ်ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်အား ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂၊ ပြည်ပမှ တင်သွင်းခြင်းသက်သေခံ လက်မှတ်ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပ မှတင်သွင်းစဉ် ကုန်စည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်းပုံစံ ပတခ(ကသခ) - ၃၃ တို့ကို နှစ်စောင်ပြုစုလျက် မူရင်းအား လက်ခံအဖြစ်ထားရှိကာ မူရင်းခွဲ အား ​ရောင်းချသည့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် အခွန်ဦးစီးဌာနမှူး ထံတင်ပြရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှ Steel ပစ္စည်းများတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ရောင်းချမည်ဖြစ်ရာ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ % အားခုနှိမ်၍ ရ/မရကို သိလိုသဖြင့်မေးမြန်းခြင်း။

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအတွက် Sim Card များ ရောင်းချရာတွင် ဝယ်ယူသူ၏ အမည် စာရင်း ရေးသွင်းဆောင်ရွက်ခြင်းပြုလုပ်ပေးရသည့် ဝန်ဆောင်မှုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခု က ၄င်းရရှိငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ၄င်းလုပ်ငန်းအပေါ် မည်သို့ဆောင်ရွက်

Answer

Sim Card များရောင်းချခြင်းအတွက် ဝယ်ယူသူ၏အမည်စာရင်းရေးသွင်း ဆောင်ရွက်ခြင်း ပြုလုပ်ပေးမည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ဃ) အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု(၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ်လုပ်ငန်း ခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီသည် သက်ဆိုင်ရာအခွန်ရုံးသို့ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ အရ ပတခ(ကသခ)-၁ နှင့် ပတခ(ကသခ)-၃ ပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်တင်ပြပြီး လုပ်ငန်းရှင်အားမှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေးသည့်လက်မှတ် ပတခ (ကသခ)-၂ အား ထုတ်ယူရန်လိုအပ်ပါသည်။ အဆိုပါ ပတခ(ကသခ)-၂ အား ဘဏ္ဍာနှစ်တစ်နှစ် ချင်းအလိုက် လျှောက်ထားထုတ်ယူရမည် ဖြစ်ပါသည်။

Question

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအတွက် Sim Card များ ရောင်းချရာတွင် ဝယ်ယူသူ၏ အမည် စာရင်း ရေးသွင်းဆောင်ရွက်ခြင်းပြုလုပ်ပေးရသည့် ဝန်ဆောင်မှုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခု က ၄င်းရရှိငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ၄င်းလုပ်ငန်းအပေါ် မည်သို့ဆောင်ရွက်ရပါကြောင်းနှင့်မည်သည့် အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်း ခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ပြည်ပမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ တင်သွင်း ရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍မေးမြန်းခြင်း။

Answer

ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၁ ( က ) အမှတ်စဉ် ၁၅ ရှိ အထူးကုန်စည်ဖြစ်သဖြင့် ပြည်ပမှတင်သွင်းခြင်းအတွက် တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးဖြစ်သည့် အကောက်ခွန်စည်းကြပ်တန်ဖိုး၊ အကောက်ခွန် နှင့်ကုန်ချစရိတ် ပေါင်းအပေါ်တွင် အထူးကုန်စည်ခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်မှာ ကုန်းပေါ်ရောက်တန်ဖိုးနှင့် အထူးကုန်စည်ခွန်ပေါင်းပြီး ယင်းအပေါ် တွင် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီများကို ပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချခြင်းအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ၁၄(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ %  ကျသင့်မည်ဖြစ်ပါသည်။ ၄င်းဓါတ်ဆီ ၊ ဒီဇယ်ဆီ ၊ ဂျက်လေယာဉ်ဆီများကို ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ၅ % မှ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန် ၅ % ကို ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှု ဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂၊  ပြည်ပမှတင်သွင်းခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပမှ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ (ကသခ)-၃၃ တို့ဖြင့် တင်ပြ၍ အချင်းချင်းခုနှိမ်နိုင်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ပြည်ပမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ တင်သွင်း ရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍မေးမြန်းခြင်း။