အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွင် မည်သည့်လုပ်ငန်းများပါဝင်သည်ဟု သတ်မှတ်ထားပါသနည်း။

Answer

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီး ဌာန၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • ထုတ်လုပ်မှုလုပ်ငန်းဖြစ်လျှင် (မြေတန်ဖိုးမပါဝင်) မတည်ရင်းနှီးငွေ ကျပ်သန်း ၁၀၀၀ ထက်မပိုသောလုပ်ငန်း၊
  • လက်ကားရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်လျှင် လွန်ခဲ့သောနှစ်၏ တစ်နှစ် ရောင်းရငွေ ကျပ်သန်း ၃၀၀ ထက် မပိုသောလုပ်ငန်း၊
  • လက်လီရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်လျှင် လွန်ခဲ့သောနှစ်၏ တစ်နှစ်ရောင်း ရငွေ ကျပ်သန်း ၁၀၀ ထက် မပိုသောလုပ်ငန်း၊
  • ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခုဖြစ်လျှင် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝန်ဆောင်မှု ရငွေ ကျပ်သန်း ၂၀၀ ထက် မပိုသောလုပ်ငန်း၊

အထက်ပါလုပ်ငန်းများမှအပ အခြားလုပ်ငန်းတစ်ခုဖြစ်လျှင် လွန်ခဲ့သောနှစ်၏ တစ်နှစ် ရောင်းရငွေ/ရငွေ ကျပ်သန်း ၁၀၀ ထက်မပိုသောလုပ်ငန်း။

Question

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွင် မည်သည့်လုပ်ငန်းများပါဝင်သည်ဟု သတ်မှတ်ထားပါသနည်း။

FAQ Category

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ တွင် ပါဝင်သော အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးကြောင်း ကြေညာချက် သည် ကုမ္ပဏီအားလုံးအတွက် အကျိုးသက်ရောက်မှုရှိပါသလား။

Answer

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်သည် ကမ္ဘာ့နိုင်ငံအများ အပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus Disease 2019 (Covid-19) ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ရည်ရွယ်လျက် ထိခိုက်မှုအများဆုံးဖြစ်ပွားနိုင်သည့် ဦးစားပေး အရေးယူဆောင်ရွက်ပေးရမည့် လုပ်ငန်း ကဏ္ဍများဖြစ်သော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ CMP လုပ်ငန်း၊ SME လုပ်ငန်းများ အတွက်သာ အကျိုးသက်ရောက်မှုရှိပါသည်။

Question

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ တွင် ပါဝင်သော အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးကြောင်း ကြေညာချက် သည် ကုမ္ပဏီအားလုံးအတွက် အကျိုးသက်ရောက်မှုရှိပါသလား။

FAQ Category

COVID-19 Economic Relief Plan အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက် ထားရှိမှု အခြေအနေများမှာ အဘယ်နည်း။

Answer

                    COVID-19 Economic Relief Plan စီမံချက်တွင် ပန်းတိုင် (၇)ခု၊ မဟာဗျူဟာ (၁၀)ရပ်၊ လုပ်ငန်းစီမံကိန်း (၃၆)ခုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအရေအတွက် (၇၆)ခု ပါဝင်ပါသည်။ COVID-19 Economic Relief Plan စီမံချက်တွင် ပြည်တွင်း အခွန်များဦးစီးဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းစီမံချက် ခေါင်းစဉ်(၂)ခု (၂.၁.၃ နှင့် ၂.၁.၅) ပါဝင်ပါသည်။

  • လုပ်ငန်းစီမံချက် ၂.၁.၃ သည် သတ်မှတ်စီးပွားရေးလုပ်ငန်းများက သုံးလတစ်ကြိမ် ပေးသွင်းရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်အား ၃၀-၉-၂၀၂၀ နေ့အထိ (အခွန်ပေးသွင်းရမည့်ရက်ကို) တိုးမြှင့်ရွှေ့ဆိုင်းပေးခြင်း၊ ပြည်ပပို့ကုန်အပေါ် ကြိုတင်ဝင်ငွေခွန် ၂ % ကောက်ခံခြင်းအား ၃၀-၉-၂၀၂၀ နေ့ အထိ ကင်းလွတ်ခွင့်ပြုခြင်းနှင့် COVID-19 ကာကွယ်ရေး၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရ ထိန်းချုပ်ကုသရေးဆိုင်ရာ အရေးကြီးဆေးနှင့် ဆေးပစ္စည်းတစ် မျိုးချင်း၏ အမည်စာရင်းသတ်မှတ်ချက်တို့ကို ထုတ်ပြန်ကြေညာပေးခြင်းလုပ်ငန်း စဉ်များပါဝင်ပါသည်။ ယင်းအချက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အမိန့်ကြေညာချက်၊ ၁/၂၀၂၀၊ အမိန့်ကြော်ငြာစာ၊ ၃၈/၂၀၂၀ နှင့် ၅၁/၂၀၂၀၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၀/၂၀၂၀ တို့ဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • လုပ်ငန်းစီမံချက် ၂.၁.၅ ပါ လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ကို ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်နှင့်စပ်လျဉ်း သည့် လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

Question

COVID-19 Economic Relief Plan အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက် ထားရှိမှု အခြေအနေများမှာ အဘယ်နည်း။

FAQ Category

COVID-19 Economic Relief Plan ရေးဆွဲရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။

Answer

COVID-19 Economic Relief Plan ရေးဆွဲရသည့် ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  • COVID-19 ကြောင့် နိုင်ငံတော်၏ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစား ပေးရန်၊
  • စီးပွားရေးလုပ်ငန်းများနှင့် စျေးကွက်အတွင်း ငွေကြေးလည်ပတ်မှုကို ပြန်လည် အား ကောင်းစေရေးနှင့် အခွင့်အလမ်းနှင့်ပတ်ဝန်းကျင်ကောင်းများကို ဖန်တီး ပေးရန်၊
  • စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံသားများထိခိုက်မှုနည်းပါးစေရန်၊
  • အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန်၊
  • လုပ်ငန်းများဆက်လက်လည်ပတ်နိုင်စေရန်၊
  • နိုင်ငံတော်၏ စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်။

Question

COVID-19 Economic Relief Plan ရေးဆွဲရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။

FAQ Category

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DTA စာချုပ်ဝင် ကိုးရီးယားနိုင်ငံသား များဖြစ်သဖြင့် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများ ခံစားလိုပါသဖြင့် မည်သို့လျှောက်ထား ရမည်ကို သိရှိလိုပါသဖြင့် မေးမြန်းခြင်းကိစ္စ။

Answer

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DTA စာချုပ်ဝင် ကိုးရီးယားနိုင်ငံသား များဖြစ်သဖြင့် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်း များခံစားလိုပါက အောက်ပါအထောက် အထားများကို သက်ဆိုင်ရာအခွန် ဦးစီးဌာနမှူးရုံးသို့ တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်။

(က)   လျှောက်ထားလိုသူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီကဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA  ၏ Article အရ DTA  အခွင့် အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ)     ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စား လှယ်လွှဲစာ

(ဂ)     ချုပ်ဆိုထားသည့်စာချုပ်

(ဃ)   လျှောက်ထားလိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် မည်သည့်နိုင်ငံ၏ အခွန်ထမ်း ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံ အခွန်ဌာန၏ထောက်ခံချက်

(င)     ကုမ္ပဏီ၏ မှတ်ပုံတင်မိတ္တူ

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DTA စာချုပ်ဝင် ကိုးရီးယားနိုင်ငံသား များဖြစ်သဖြင့် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများ ခံစားလိုပါသဖြင့် မည်သို့လျှောက်ထား ရမည်ကို သိရှိလိုပါသဖြင့် မေးမြန်းခြင်းကိစ္စ။

FAQ Category

ပြည်တွင်းရှိအကြံပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ကျန်စီးပွားရေးလုပ်ငန်းများအတွက် ၁ - ၄ - ၂၀၁၈ မှစတင် ပြောင်းလဲမည့် ဘဏ္ဍာရေးနှစ် ပြဋ္ဌာန်းချက်များကို သိရှိလို၍ မေးမြန်းခြင်း။

Answer

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁(ဂ) အရ အထူးကုန်စည်ခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ဝင်ငွေခွန်ဥပဒေတို့တွင် မည်သို့ပင်ပါရှိစေကာမူ နှစ်၊ ဝင်ငွေနှစ် (သို့မဟုတ်) ရောင်းရငွေ (သို့မဟုတ်) ဝန်ဆောင်မှုရငွေရရှိသော နှစ်ဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သတ်မှတ်ရမည်။

(၁) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်နှင့်အညီဖြစ်သည်။

(၂) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကာလအတိုင်း ဆက်လက်ထားရှိရမည် ဖြစ်ပါ သည်။

Question

ပြည်တွင်းရှိအကြံပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ကျန်စီးပွားရေးလုပ်ငန်းများအတွက် ၁ - ၄ - ၂၀၁၈ မှစတင် ပြောင်းလဲမည့် ဘဏ္ဍာရေးနှစ် ပြဋ္ဌာန်းချက်များကို သိရှိလို၍ မေးမြန်းခြင်း။        

FAQ Category

တနင်္သာရီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှ ယာဉ်တင်သွင်းမှုတစ်ခုအတွက် အခွန်နှစ်ထပ် ပေးဆောင်မှုဖြစ်နေပါသဖြင့် ထပ်မံပေးသွင်းရမည့်အခွန်ငွေများအား ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/ မ ရှိ မေးမြန်းလာခြင်း

Answer

တင်သွင်းသူသည် ( General Administration Department - GAD) ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည် မဟုတ် ပါ။ တင်ဒါတင်သွင်း သူအမည်ဖြင့် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်မှ GAD အမည်ဖြင့် ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်မရပါ။

Question

တနင်္သာရီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှ ယာဉ်တင်သွင်းမှုတစ်ခုအတွက် အခွန်နှစ်ထပ် ပေးဆောင်မှုဖြစ်နေပါသဖြင့် ထပ်မံပေးသွင်းရမည့်အခွန်ငွေများအား ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/ မ ရှိ မေးမြန်းလာခြင်း။

FAQ Category

ကင်းလွတ်ခွင့်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း

Answer

ကင်းလွတ်ခွင့်ဇုန်ရှိမြေငှားရမ်းခများအပေါ် အခွန်ကျသင့်မှုနှင့် ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (စျ) တွင်ဖော်ပြထားသည့် "နိုင်ငံ တော်၏ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့်နယ်မြေ" ဟုဆိုရာတွင် ကင်းလွတ်ဇုန် အတွင်းရှိကုန်စည်များ၊ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းမည့်ကုန်စည်များနှင့် ပတ်သက်၍ အခွန်အခများ ကင်းလွတ်စေရန်အလို့ငှာ ဖော်ပြထားခြင်းဖြစ်ပြီး မြေငှားရမ်းခများနှင့်သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ကင်းလွတ်ဇုန်အတွင်း မြေ ငှားရမ်းခများအပေါ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၉ အရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါက တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၂၀၁၆ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ တို့အရ အခွန်စည်းကြပ် ကောက်ခံရပါမည်။

Question

Myanmar Japan Thilawa Development Ltd သည် သီလဝါအထူးစီပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ မြေဟက်တာ ၄၀၀ ခန့်ကိုငှားရမ်းရယူခဲ့ပြီး ၎င်းတို့ အနက်မှ တချို့ကို လုပ်ငန်းမြှင့်တင်ရေးဇုန် ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း၊ တချို့ကို ကင်းလွတ်ဇုန်ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း ထပ်ဆင့်အငှားချထား ခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

FAQ Category

ကားကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကုမ္ပဏီကစရိတ်များ ကျခံ၍ ကားဝယ်ပေးမည်ဖြစ်ရာ အဆိုပါကံစမ်းမဲပေါက်သည့်ကိုယ်စားလှယ်၏ အမည်ပေါက်ဆောင်ရွက်မှုအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/ မရှိ မေး မြန်းခြင်း

Answer

ကုမ္ပဏီမှစရိတ်ကျခံ၍ ကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်၏အမည်ဖြင့် ကားဝယ် ပေးပြီး အမည်ပေါက်ဆောင်ရွက်ခြင်းသည် အခြေပစ္စည်းလွှဲပြောင်းပေးခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ကင်းလွတ်ခွင့်ပြုထားခြင်း မရှိပါသဖြင့် ဝင်ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

Question

မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမီတက်မှ ၎င်း၏အရောင်းကိုယ်စားလှယ်များ အား ကားကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကုမ္ပဏီကစရိတ်များ ကျခံ၍ ကားဝယ်ပေးမည်ဖြစ်ရာ အဆိုပါကံစမ်းမဲပေါက်သည့်ကိုယ်စားလှယ်၏ အမည်ပေါက်ဆောင်ရွက်မှုအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/ မရှိ မေး မြန်းခြင်း။

FAQ Category

ကျပ် ၁၀၀၀ တန် ထီလက်မှတ်ကို ၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလတွင် စထုတ်မည်ဟု ရုံးချုပ်က ဖြေကြားထားပါသည်။ ဟုတ်/မဟုတ် သိရှိလိုခြင်း။

Answer

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ထုတ်ဝေရန် ဝန်ကြီးရုံးကို ခွင့်ပြုချက်တောင်းခံထားဆဲဖြစ်ပါသည်။ ဝန်ကြီးရုံးကခွင့်ပြုချက်ရမှသာလျှင်  မည်သည့်ကာလမှာ စထုတ်နိုင်မည်ဆိုသည်ကို သိရှိရမှာဖြစ်ပါသည်။   ပြည်သူတွေကိုလည်း အသိပေးသွားမည်ဖြစ်ပါသည်။

Question

ကျပ် ၁၀၀၀ တန် ထီလက်မှတ်ကို ၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလတွင် စထုတ်မည်ဟု ရုံးချုပ်က ဖြေကြားထားပါသည်။ ဟုတ်/မဟုတ် သိရှိလိုခြင်း။

FAQ Category