အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

မြန်မာနိုင်ငံပြင်ပတွင် အစုရှယ်ယာဝယ်ယူခြင်းအတွက် စာချုပ်ချုပ်ဆိုခဲ့မှုအပေါ် မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာ လက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ် အခွန်ဦးစီးဌာနမှူး ထံယူဆောင်လာပြီး တံဆိပ်ခေါင်းကပ်နှိပ်ထမ်းဆောင်နိုင်ကြောင်း တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၈ တွင် ပြဋ္ဌာန်းထားပါသည်။

Question

မြန်မာနိုင်ငံပြင်ပတွင် အစုရှယ်ယာဝယ်ယူခြင်းအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ မည်သည့်အချိန်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၂၃ အရ အဖိုးစားနားသင့်ငွေအပေါ်တွင် ၂ ရာခိုင်နှုန်း အပြင် တံဆိပ်ခေါင်းခွန်အက်ဥပဒေ ပုဒ်မ ၃-က အရအပို တံဆိပ်ခေါင်းခွန် ၂% စုစုပေါင်း ၄% ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပစ္စည်းလွှဲပြောင်းစာချုပ်စာတမ်းအပေါ်တံဆိပ်ခေါင်းခွန် မည်မျှကျသင့်မည်ကို သိရှိ လို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ငှားရမ်းခသတ်မှတ်ပြီး စပေါ်ငွေပေးရသော အဆောက်အဦအား ၁ နှစ်စာ ငှားရမ်းခြင်း အတွက် စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၁) စဉ် ၃၅ (က) (၁) အရ ငှားရမ်းခကာလ ၁ နှစ် ထက်မပိုလျှင် ငှားရမ်းခ ရငွေ၏ ၀.၅% ဖြင့် ငှားရမ်းခအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်အပြင် စဉ် ၃၅ (ဂ) အရ စပေါ်ပေးငွေအပေါ် ၂% ဖြင့် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

Question

ငှားရမ်းခသတ်မှတ်ပြီး စပေါ်ငွေပေးရသော အဆောက်အဦအား ၁ နှစ်စာ ငှားရမ်းခြင်း အတွက် စာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထူးကုန်စည်ခွန်)

Answer

ပြည်တွင်း၌အရက်ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းသည် အထူးကုန်စည်ခွန်မကျ သင့်ပါ။ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ အထူးကုန်စည်ခွန် ကျသင့်စေသည့် ဆောင်ရွက်မှုများမှာ အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်း ခြင်းဖြစ်ပါက တင်သွင်းသူ မှ အထူးကုန်စည်ခွန်ပေးဆောင်ရပါမည်။ ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူ၊ ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက တင်ပို့သူ၊ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူမှ အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ပြည်တွင်းထုတ်အရက်အားဝယ်ယူ၍ ပြန်လည်ရောင်းချပါက အထူး ကုန်စည်ခွန် ကျသင့်/မကျသင့်နှင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်ခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇(က) အရ ကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထား များကို မှတ်တမ်းထားရန်နှင့်ထိန်းသိမ်းထားရန် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်းကုမ္ပဏီ၏ အခြားအရာထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်ဖြစ်သောကြောင့် ကုမ္ပဏီက တာဝန်ပေးအပ်ထားသော အရာထမ်းတစ်ဦးမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။

 

Question

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့် သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား မည်သူကလက်မှတ်ရေးထိုး ရမည် ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ခဲ့သော သက်သေခံလက်မှတ်ဖြစ်သော ပတခ(ကသခ)-၀၅-၀၁{ယခင် ပတခ(ကသခ)-၃၁} နှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ည) အရ ခုနှိမ်ပြီးကြောင်း တင်ပြလွှာ ပတခ(ကသခ)-၀၅-၀၃ ယခင် ပတခ(ကသခ)-၃၃ တို့ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် မည်သည့်အထောက်အထား တင်ပြရမည် ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ အစိုးရပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ အဆောက်အအုံဆောက်လုပ်ခြင်းမှ တိုက်ခန်းရောင်းရငွေအပေါ်တွင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (စ) အရ မည်သူမဆို နိုင်ငံပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ဖြစ်စေ၊ နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ ပုဂ္ဂလိကပိုင်မြေတွင်ဖြစ်စေ၊ မြေပိုင်ရှင်နှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ အခြေခံအဆောက်အအုံးအား တည်ဆောက်ပြုပြင် ရောင်းချခြင်းမှရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့် မည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အစိုးရပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ အဆောက်အအုံဆောက်လုပ်ခြင်းမှ တိုက်ခန်းရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်မည်မျှကျသင့်မည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်တစ်နှစ်အတွင်း ရောင်းရငွေကျပ်သိန်း ၅၀၀ ကျော်လွန်ခြင်းမရှိပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ သို့ရာတွင် အခွန် ခုနှိမ်ခံစားလိုသောကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘောသဘာဝအရ လိုအပ်ချက်ကြောင့် ဖြစ်စေ၊ မှတ်ပုံတင်ခြင်းကို မိမိဆန္ဒအလျောက်ဆောင်ရွက်မည်ဆိုပါက ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံပေးဆောင်ခြင်း၊ သုံးလတစ်ကြိမ် ကြေညာလွှာနှင့် နှစ်ချုပ် ကြေညာလွှာတင်သွင်းခြင်းတို့ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ရောင်းရငွေကျပ်သိန်း ၅၀၀ မကျော် ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီ၏ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေး၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ပစ္စည်းဝယ်ယူခြင်းအတွက် ပစ္စည်းတန်ဖိုးနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ခဲ့ရခြင်းအတွက် စရိတ်အဖြစ် ခုနှိမ်ခွင့်ကိုခံစားလို ပါက ပစ္စည်းရောင်းချသူတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ပတခ(ကသခ)-၀၁-၀၂၊ ယခင် ပတခ(ကသခ)-၂ ကို ရယူထားပြီးဖြစ်ရန် လိုအပ်မည်။ ဝယ်ယူသူမှာလည်း ရယူထားမှသာ ရောင်းချသူမှ ပစ္စည်းဝယ်ယူသူသို့ ပစ္စည်းဝယ်ယူရာတွင် ပေးဆောင်ခဲ့ ရခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း အထောက်အထားအဖြစ် ပတခ(ကသခ)-၀၅-၀၁ ယခင် ပတခ(ကသခ)-၃၁ ကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဝယ်ယူသူမှ လက်ခံရရှိသည့် ပတခ(ကသခ)-၃၁ သို့မဟုတ် ပတခ(ကသခ)-၀၅-၀၁ ကို အထောက်အထားအဖြစ် တင်ပြ၍ စရိတ်အဖြစ်သော်လည်းကောင်း၊ အခွန် ကျသင့်ခြင်းဖြစ်ပါက အခွန်ခုနှိမ်ခွင့် သော်လည်ကောင်း ခံစားခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏အခွန်အကောက် ဥပ‌ဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) ၏ ရှင်းလင်းချက် (၂) ဖော်ပြချက်မှာ ကုန်သွယ်လုပ်ငန်းခွန်တွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စည်းကြပ်ထိုက်သည့်ရောင်းရငွေ၊ ရငွေရရှိမည့်သူ သို့မဟုတ် ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခွင့် ခံစားလိုသူ မည်သူမဆို မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဟု ဖော်ပြထားသဖြင့်လုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထားရယူထားရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှလုပ်ငန်းများလုပ်ကိုင်ခြင်းမရှိသေးသဖြင့် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ထား ခြင်းမရှိပါ။ အခြားနေရာမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးခဲ့ရသောကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ခုနှိမ်ခွင့်အဖြစ်ခံစားခွင့် ရှိ/မရှိ သိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ပြည်တွင်းရှိ ဂျပန်သံရုံးဝန်ထမ်းများအား အမှတ်တရပစ္စည်းများဖြစ်သော စာအုပ်၊ သော့ချိတ် စသည့်ပစ္စည်းများရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ကုန်စည် (၄၆) မျိုးမှအပ ကျန်ကုန်စည်များ ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာအမှတ်၊ ၂၈/၂၀၁၉ အရ အဆိုပါဝန်ဆောင်မှုမပါ၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ပါသဖြင့် ပြန်အမ်းငွေလျှောက်လွှာ လျှောက်ထားစရာမလိုပါ။

Question

ကုမ္ပဏီမှ ပြည်တွင်းရှိ ဂျပန်သံရုံးဝန်ထမ်းများအား အမှတ်တရပစ္စည်းများဖြစ်သော စာအုပ်၊ သော့ချိတ် စသည် ပစ္စည်းများရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/မကျသင့် သိရှိလို၍မေးမြန်းခြင်း