အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၅၇ အရ ၎င်းမှာ ရာထူးအလျောက် ကျနစွာဆောင်ရွက်ရန် သို့မဟုတ် ထိုရာထူးအလျှောက် ရရှိသည့်ငွေ သို့မဟုတ် အခြားပစ္စည်းအတွက် တာဝန်ခံရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် သို့မဟုတ် ပဋိညာဉ်အတိုင်း ကျနစွာဆောင်ရွက်စေရန် ခံဝန်သူက ချုပ်ဆို သည့်စာချုပ်ဖြစ်၍ -

(က)  အာမခံသည် ငွေပေါင်းကျပ်တစ်သိန်းငါးသောင်းထက်မပိုလျှင် - အာမခံ သည့် ငွေအပေါ်တွင် ၀.၅%

(ခ)    အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင် - ကျပ်နှစ်ထောင့်ငါးရာဖြစ်၍ အထက် ဖော်ပြပါ ကိစ္စနှစ်ရပ်နှင့် အကျုံးဝင်သောစာချုပ်အပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည် ဖြစ်ပါသည်။

Question

ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

တစ်ဦးချင်းပုဂိ္ဂုလ်မှ လျော်ကြေးခံဝန်ချုပ်နှင့်စပ်လျဉ်းသော စာချုပ်အပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် (၃၄) အရ လျော်ကြေးခံဝန်ချုပ်အပေါ်တွင် ၀.၅% ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်းနှင့် ထိုတံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂၉ အရ စာချုပ်စာတမ်းကိုရေးသားသူ၊ ပြုလုပ်သူ သို့မဟုတ် ချုပ်ဆိုသူက ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

တစ်ဦးချင်းပုဂ္ဂိုလ်မှ လျော်ကြေးခံဝန်ချုပ်နှင့်စပ်လျဉ်းသော စာချုပ်အပေါ်တွင် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်နှင့် မည်သူကထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများတွင် ထိုက်သင့်သည့်တံဆိပ်ခေါင်း ခွန် အပြည့်အဝထမ်းဆောင်ထားခြင်းမရှိလျှင် ဥပဒေအရ သို့မဟုတ် အမှုသည်တို့၏ သဘော တူညီချက်အရ သက်သေခံချက်ရယူပိုင်ခွင့်အာဏာရှိသူတစ်ဦးတစ်ယောက်က မည်သည့်အမှုကိစ္စနှင့်မျှ သက်သေခံချက်အဖြစ် လက်ခံခွင့်မရှိသည့်အပြင် ထိုစာချုပ် စာတမ်းအရ ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် မှန်ကန်ကြောင်း အသိအမှတ်ပြုသက်သေခံ ချက်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၃၅ တွင် ပြဋ္ဌာန်းထားပါသည်။ စာချုပ် စာတမ်းတစ်စုံတစ်ရာသည် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင် ထားခြင်းမရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၃ အရ သိမ်းချုပ်၍ ပုဒ်မ ၃၅ (က) အရ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန် လိုအပ်သည့် တံဆိပ်ခေါင်းခွန်၏ သုံးဆနှင့်ညီမျှသောငွေကို ပေးဆောင်စေ၍သော် လည်းကောင်း သက်သေခံချက်အဖြစ် လက်ခံနိုင်ပါသည်။

Question

စာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်လုံလောက်စွာ မထမ်းဆောင်ပါက ဒဏ်ကြေး ငွေ မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၄၀ အရ အပေါင်စာချုပ်ဖြစ်ပါက ၎င်းမှာပိုင်ဆိုင်ကြောင်းပြသည့် စာချုပ်စာတမ်းများ တင်သွင်းခြင်းနှင့်လည်းကောင်း အပေါင်အနှံနှင့်လည်းကောင်း သက်ဆိုင်သည့် သဘောတူစာချုပ် မဟုတ်သည့် အပေါင်စာချုပ်ဖြစ်၍

(က)    အဆိုပါ စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ၊ ပေါင်နှံသူက လက်ရှိပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင် အဆိုပါစာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ၂ ရာခိုင်နှုန်း ဖြစ်သည်။

(ခ)     အထက်တွင်ဆိုခဲ့သည့်အတိုင်း လက်ရှိမပေးအပ်လျှင် သို့မဟုတ် ပေးအပ် ရန်သဘောမတူလျှင် ၀.၅ ရာခိုင်နှုန်းဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင် ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အစုရှယ်ယာတချို့အား အခြားသူတစ်ဦးထံ အပေါင်ထား၍ ပြန်ဆပ်ရာတွင် အစုရှယ်ယာအပေါင်ထားခြင်းအတွက် အပေါင်စာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

မြန်မာနိုင်ငံပြင်ပတွင် အစုရှယ်ယာဝယ်ယူခြင်းအတွက် စာချုပ်ချုပ်ဆိုခဲ့မှုအပေါ် မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာ လက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ် အခွန်ဦးစီးဌာနမှူး ထံယူဆောင်လာပြီး တံဆိပ်ခေါင်းကပ်နှိပ်ထမ်းဆောင်နိုင်ကြောင်း တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၈ တွင် ပြဋ္ဌာန်းထားပါသည်။

Question

မြန်မာနိုင်ငံပြင်ပတွင် အစုရှယ်ယာဝယ်ယူခြင်းအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ မည်သည့်အချိန်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၂၃ အရ အဖိုးစားနားသင့်ငွေအပေါ်တွင် ၂ ရာခိုင်နှုန်း အပြင် တံဆိပ်ခေါင်းခွန်အက်ဥပဒေ ပုဒ်မ ၃-က အရအပို တံဆိပ်ခေါင်းခွန် ၂% စုစုပေါင်း ၄% ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပစ္စည်းလွှဲပြောင်းစာချုပ်စာတမ်းအပေါ်တံဆိပ်ခေါင်းခွန် မည်မျှကျသင့်မည်ကို သိရှိ လို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ငှားရမ်းခသတ်မှတ်ပြီး စပေါ်ငွေပေးရသော အဆောက်အဦအား ၁ နှစ်စာ ငှားရမ်းခြင်း အတွက် စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၁) စဉ် ၃၅ (က) (၁) အရ ငှားရမ်းခကာလ ၁ နှစ် ထက်မပိုလျှင် ငှားရမ်းခ ရငွေ၏ ၀.၅% ဖြင့် ငှားရမ်းခအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်အပြင် စဉ် ၃၅ (ဂ) အရ စပေါ်ပေးငွေအပေါ် ၂% ဖြင့် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

Question

ငှားရမ်းခသတ်မှတ်ပြီး စပေါ်ငွေပေးရသော အဆောက်အဦအား ၁ နှစ်စာ ငှားရမ်းခြင်း အတွက် စာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထူးကုန်စည်ခွန်)

Answer

ပြည်တွင်း၌အရက်ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းသည် အထူးကုန်စည်ခွန်မကျ သင့်ပါ။ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ အထူးကုန်စည်ခွန် ကျသင့်စေသည့် ဆောင်ရွက်မှုများမှာ အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်း ခြင်းဖြစ်ပါက တင်သွင်းသူ မှ အထူးကုန်စည်ခွန်ပေးဆောင်ရပါမည်။ ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူ၊ ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက တင်ပို့သူ၊ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူမှ အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ပြည်တွင်းထုတ်အရက်အားဝယ်ယူ၍ ပြန်လည်ရောင်းချပါက အထူး ကုန်စည်ခွန် ကျသင့်/မကျသင့်နှင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်ခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇(က) အရ ကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထား များကို မှတ်တမ်းထားရန်နှင့်ထိန်းသိမ်းထားရန် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်းကုမ္ပဏီ၏ အခြားအရာထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်ဖြစ်သောကြောင့် ကုမ္ပဏီက တာဝန်ပေးအပ်ထားသော အရာထမ်းတစ်ဦးမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။

 

Question

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့် သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား မည်သူကလက်မှတ်ရေးထိုး ရမည် ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ခဲ့သော သက်သေခံလက်မှတ်ဖြစ်သော ပတခ(ကသခ)-၀၅-၀၁{ယခင် ပတခ(ကသခ)-၃၁} နှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ည) အရ ခုနှိမ်ပြီးကြောင်း တင်ပြလွှာ ပတခ(ကသခ)-၀၅-၀၃ ယခင် ပတခ(ကသခ)-၃၃ တို့ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် မည်သည့်အထောက်အထား တင်ပြရမည် ကို သိရှိလို၍မေးမြန်းခြင်း