အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် အခွန်ကြေညာလွှာတင်သွင်းခြင်းများကို ၁-၁၂-၂၀၂၁ ရက်နေ့မှစတင်၍ အီလက်ထရောနစ် (e–Filing) စနစ်နည်းဖြင့်သာ ကြေညာလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ သုံးလပတ်ကုန်သွယ်ခွန်ကြေညာလွှာ ကို e–Filing ဖြင့် တင်သွင်းရန် IRD website သို့ ဝင်ရောက်၍ Account Registration ပြုလုပ်ပြီး အချက်အလက်များဖြည့်သွင်း၍ သက်ဆိုင်ရာအခွန်ရုံးမှ အတည်ပြုချက်ရရှိပြီးပါက ကြေညာလွှာများကို တင်သွင်းနိုင်မည်ဖြစ်ပါသည်။ e–Filing တွင် လက်မှတ်ထိုးမည့် အခွန်ထမ်း၏ ဝန်ခံချက်လက်မှတ် မှတ်တမ်းကိုဆိုင်ရာရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ ကြိုတင်ပေးပို့ထားရမည်ဖြစ်ပါသည်။ e–Filing ဖြင့် ကြေညာလွှာ တင်သွင်းမှုကို လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သည့် www.ird.gov.mm ရှိ media တွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး အဆင်မပြေမှုအား e-payment section ၏ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် ဆိုင်ရာအခွန်ရုံးသို့ အသေးစိတ် ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Question
e–Filing ဖြင့် သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန်ကိစ္စ မေးမြန်းခြင်း