အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ အောင်ဘာလေအွန်လိုင်းထီကံစမ်းနိုင်ဖို့ Application ရယူနိုင်တဲ့ Link နဲ့ QR Code တွေကို နိုင်ငံပိုင်သတင်းစာတွေ၊ မြဝတီသတင်းစာနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Website တွေမှာ ဖော်ပြ ပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် Android ဖုန်းနဲ့ iOS ဖုန်းတွေမှာ Install ပြုလုပ်ပုံအဆင့်ဆင့်ကို ဌာနရဲ့ Website မှာ Video Clip တွေနဲ့ လွှင့်တင်ပေးထားတဲ့အပြင် သတင်းစာတွေမှာလည်း ဖော်ပြ ပေးထားပါတယ်။
Aung Bar Lay Application မှာ Account ဖွင့်လှစ်ပုံကို ဌာနရဲ့ Website မှာ Video Clip နဲ့ လွှင့်တင်ပေးထားသလို နိုင်ငံပိုင်ရုပ်သံလွှင့်မီဒီယာတွေမှာလည်း ထုတ်လွှင့်ပြသပေးလျက်ရှိပါတယ်။ စနစ်ကနေ ထီလက်မှတ်ဝယ်ယူမှုအတွက် ပထမအဆင့်အနေနဲ့ Application အသုံးပြုသူတွေ အတွက် KBZ Pay၊ AYA Pay၊ CB Pay၊ Uab Pay၊ Mytel Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက် ထားပြီး Website အသုံးပြုသူတွေအတွက် Mytel Pay ၊ uab Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက် ထားပါတယ်။ အခြားအီလက်ထရောနစ် ငွေပေးချေမှုတွေကို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက်လည်း Service Provider က ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
အောင်ဘာလေ Application မှာ အကောင့်ဖွင့်ခြင်းကို MPT၊ Mytel၊ ATOM၊ Ooredoo အော်ပရေတာ ၄ မျိုးနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာ SIM Card အသုံးပြုသူတွေ အနေနဲ့ Install ပြုလုပ်လို့ရသလို လက်ရှိကာလမှာ KBZ Pay နဲ့ ပြည်ပက ထီထိုးသူတွေရှိတယ် လို့လည်း သိရှိရပါတယ်။
အောင်ဘာလေအွန်လိုင်းသိန်းဆုထီနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Application ရဲ့ စည်းကမ်းချက်များကဏ္ဍနဲ့ အမေးအဖြေကဏ္ဍတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Application အသုံးပြုရာမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရရင်လည်း Hotline No. ၀၉၆၇၇၀၀၀၇၇၇ (Mytel Hotline No. ၇၇၇) ၊ email လိပ်စာ [email protected] ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်လို့ အသိပေးပြောကြားလိုပါတယ်။
Question
မေး။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ ဇွန် ၁ ရက် (၅၂) ကြိမ်မြောက် အောင်ဘာလေထီနဲ့အတူ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ ထီဆုငွေခွဲဝေမှုအစီအစဉ်အနေနဲ့က အောင်ဘာလေထီနဲ့ အောင်ဘာလေ အွန်လိုင်းထီလက်မှတ် ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀၀ (သိန်းငါးထောင်) ဖြစ်ပြီး အနိမ့်ဆုံးက ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) သတ်မှတ်ထားပါတယ်။ အောင်ဘာလေအွန်လိုင်းထီအတွက် ထီဆုငွေထုတ်ပေး မယ့်အစီအစဉ်က ကျပ် ၁၀သိန်းနဲ့အောက် ထီဆုငွေတွေ ထုတ်ပေးရာမှာ အွန်လိုင်းထီကံစမ်းစဉ်က ကံထူးရှင်ရွေးချယ်အသုံးပြုခဲ့တဲ့ Pay ကို တိုက်ရိုက်လွှဲပြောင်းထုတ်ပေးမှာ ဖြစ်ပါတယ်။
ကံထူးရှင်က KBZ Pay နဲ့ ထီထိုးကံစမ်းခဲ့ရင် KBZ Pay ၊ AYA Pay နဲ့ထီထိုးကံစမ်းခဲ့ရင် AYA Pay ၊ အခြား Pay တွေဆိုရင်လည်း ဒီ Pay အတိုင်းလွှဲပြောင်းထုတ်ပေးမှာဖြစ်ပါတယ်။ အွန်လိုင်းထီ အတွက် ငွေကျပ် ၁၀ သိန်းအထက် ထီဆုငွေတွေကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန်နဲ့ မန္တလေး ရုံးခွဲတွေမှာ လက်ရှိဆောင်ရွက်နေတဲ့ အောင်ဘာလေထီဆုငွေ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အတိုင်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။
အွန်လိုင်းထီပေါက်ခဲ့ရင် ထီပေါက်ကြောင်းကို Application မှာပါဝင်တဲ့ ကျွန်ုပ်၏ ထီလက်မှတ် ကဏ္ဍမှာပါဝင်တဲ့ (ထီပေါက်ပါသည်ခေါင်းစဉ်အောက်)မှာ ဖော်ပြထားမှာဖြစ်သလို ထီကံထူးရှင်ထံ SMS စာတိုပေးပို့ပြီး အသိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ထီကံထူးရှင်ထံ ထီဆုငွေ ထုတ်ယူဖို့ လျှို့ဝှက်ကုဒ်ပါဝင်တဲ့ SMS ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။ ထီကံထူးရှင်က ပေးပို့ခဲ့တဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို အသုံးပြုပြီး Application ကတစ်ဆင့် ထီဆုငွေကို လျှောက်ထားဖို့ လိုအပ်ပါ တယ်။ ထီဆုငွေတွေကို အကြိမ်အလိုက် အောင်ဘာလေသိန်းဆု ထီပေါက်စဉ် ကြေညာတဲ့နေ့ကနေ တစ်နှစ်အတွင်း တောင်းခံနိုင်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
Question
မေး။ ချီးမြှင့်နေတဲ့ ထီဆုတွေအကြောင်း၊ ထီပေါက်ရင် ဘယ်လိုထုတ်ယူနိုင်တယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ အောင်ဘာလေအွန်လိုင်းသိန်းဆုထီက လက်ရှိရောင်းချနေတဲ့ အောင်ဘာလေထီနဲ့ မတူဘဲ နိုင်ငံတော်မှ သတ်မှတ်ထားတဲ့ ထီလက်မှတ်တန်ဖိုး တစ်ထောင်ကျပ်နဲ့ အချိန်မရွေး လွယ်ကူစွာ ဝယ်ယူကံစမ်းနိုင်တယ်။ ထီတိုက်ဖို့မလိုသလို ထီလက်မှတ်ကို ထိန်းသိမ်းဖို့လည်း မလိုပါဘူး။ အက္ခရာနဲ့ ဂဏန်းနံပါတ်တွေကို မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပြီး ကျပ်ဆယ်သိန်းအောက် ထီဆုငွေကို Application မှထုတ်ယူနိုင်တဲ့ အားသာချက်တွေရှိပါတယ်။
Question
မေး။ အားသာချက်အနေနဲ့ ဘာတွေရရှိနိုင်မလဲရှင်။
အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ Service Provider ဘက်က ပြောကြားချက်အရ အချို့ဝေးလံခေါင်ဖျားဒေသတွေမှာ Internet Access မရှိခဲ့ရင် အွန်လိုင်းထီကံစမ်းလို့ မရသလို ထီထိုးဖို့ အသုံးပြုမယ့် Device ကလည်း Keypad ဖုန်းဆိုရင် ကန့်သတ်ချက်ရှိနိုင်ပါတယ်။ E-Wallet / Digital Currency ကို အသုံးပြုမှု ရင်းနှီးကျွမ်းဝင် အောင်နဲ့ easy access ဖြစ်အောင်လုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုပါတယ်။
Question
မေး။ အွန်လိုင်းက ကံစမ်းရတဲ့အတွက် ဘယ်လိုအားနည်းချက်တွေ ရှိနိုင်ပါသလဲ။
အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ Service Provider ဘက်မှ ပြောကြားချက်အရ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်စေဖို့ User Interface နဲ့ Graphic User Interface တွေကို ရှင်းလင်းလွယ်ကူအောင် ပြင်ပမှာ ဝယ်ယူရတဲ့ သဘာဝနဲ့လည်း အများကြီးကွဲပြားမှုမရှိအောင် ပြင်ဆင်ထားပါတယ်။ Android နဲ့ iOS အက်ပလီ ကေးရှင်းတွေအပြင် ဖုန်းမော်ဒယ်အားလုံးမှာ အသုံးပြုနိုင်တဲ့ Webview Version ကိုလည်း ဆောင်ရွက်ထားတာကြောင့် မည်သူမဆို အလွယ်တကူ ထီထိုးကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကံစမ်းရာမှာ မရှင်းလင်းတဲ့အချက်တွေကို အချိန်နဲ့တစ်ပြေးညီ မေးမြန်းနိုင်ဖို့ Customer Care Service ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။
Question
မေး။ နည်းပညာပိုင်းမှာ အားနည်းတဲ့သူတွေပါ လွယ်လင့်တကူ ကံစမ်းလို့ရအောင် ဘယ်လို ဆောင်ရွက်ထားပါသလဲ။
အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ ထီကံစမ်းလိုသူ ပြည်သူတွေအနေနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကနေ ထီလက်မှတ်တစ်စောင်ကို ငွေကျပ် ၁၀၀၀ နဲ့ ဇွန်လ ၈ ရက်ကစတင်ပြီး ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ပါ တယ်။ Application ကို အသုံးပြုပြီး ထီထိုးဖို့အတွက် Application ကို Download ရယူခြင်း၊ Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ခြင်းတို့ကို ကနဦး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Aung Bar Lay Application ကို (aungbarlay.ird.gov.mm) ကနေ အလွယ်တကူ Download ရယူနိုင် သလို QR Code ကိုဖတ်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။
Application ကို Download ရယူပြီးရင် Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ချိန်မှာ မိမိ၏ဖုန်းနံပါတ်ကိုသာ ဖော်ပြဖို့ လိုအပ်ပြီး ထီပေါက်တဲ့အချိန်မှသာ ထီဆုငွေထုတ်ယူဖို့ မိမိရဲ့နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ အကောင့် ဖွင့်လှစ်ပြီးရင်တော့ စနစ်ထဲဝင်ရောက်ပြီး အွန်လိုင်းထီကို ကံစမ်းလို့ရပါပြီ။
အွန်လိုင်းထီကံစမ်းရာမှာ ပထမအဆင့်အနေနဲ့ ထီလက်မှတ်ဝယ်ယူရန်ကဏ္ဍကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အက္ခရာနှင့်နံပါတ်တို့ကို ရွေးချယ်အတည်ပြုရမှာဖြစ်ပါတယ်။ ထီလက်မှတ်ရွေးချယ်ရာမှာ မိမိကြိုက်နှစ်သက်ရာ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်ကံစမ်းခြင်း၊ စနစ်မှ အလိုအလျောက်ရွေးချယ်ပေးတဲ့ ၃စောင်တွဲ၊ ၅စောင်တွဲ၊ ၁၀စောင်တွဲတို့ကို ဝယ်ယူကံစမ်းခြင်း တို့ကို တစ်ကြိမ်လျှင် အနည်းဆုံးတစ်စောင်မှ အများဆုံး (၁၀)စောင်အထိ အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ထီလက်မှတ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဇွန်လမှာရောင်းချတဲ့ အွန်လိုင်းထီလက်မှတ်အတွက် ဆ မှ ဌ အထိ အက္ခရာ (၆) လုံး သတ်မှတ် ပေးထားတာဖြစ်တဲ့အတွက် အွန်လိုင်းထီကံစမ်းသူတွေအနေနဲ့ ဆ မှ ဌ အထိ အက္ခရာ (၆)လုံး ထဲကသာ ရွေးချယ်ခွင့်ရှိမှာဖြစ်ပါတယ်။ မိမိကံစမ်းလိုတဲ့ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်အတည်ပြု ပြီးရင် တတိယအဆင့်အနေနဲ့ မိမိနှစ်သက်ရာ ငွေပေးချေမှုစနစ်တစ်ခုကို ရွေးချယ်ပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေမှု အောင်မြင်ပြီးရင် ဝယ်ယူမှု အောင်မြင်ကြောင်း SMS လက်ခံရရှိမှာဖြစ်ပြီး အွန်လိုင်းထီဝယ်ယူတဲ့ လုပ်ငန်းစဉ် ပြီးမြောက်ပြီဖြစ်ပါတယ်။
Question
မေး။ အောင်ဘာလေထီကို အွန်လိုင်းက ကံစမ်းနိုင်ဖို့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကို ပြောကြားပေး စေလိုပါတယ်။