အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီ၏ အမြတ်ဝေစုရ‌ငွေကို ဝင်ငွေရလမ်းအဖြစ် တင်ပြမည်ဆိုပါက အောက်ပါ အထောက်အထားများ ပူးတွဲတင်ပြရပါမည်-

(က)  ကုမ္ပဏီ၏ အမြတ်ဝေစုခွဲဝေခြင်းဆိုင်ရာ ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း၊ နှစ်ချုပ်စာရင်း၊ အစုထည့်ဝင်ပိုင်ဆိုင်မှု အထောက် အထား(DICA မှ ကုမ္ပဏီ၏ Extract Form)၊ ကုမ္ပဏီမှ ထုတ်ပေးထား သည့် အမြတ်ဝေစုအဖြစ်ငွေကြေး သို့မဟုတ် ပိုင်ဆိုင်ရယူခဲ့မှုအထောက်အထား (ချက်လက်မှတ်မိတ္တူ၊ ငွေစာရင်းစာအုပ်မှတ်တမ်းများ)

(ခ)    အမြတ်ဝေစုထုတ်ယူခဲ့မှု နှင့်သက်ဆိုင်သည့် စာရင်းရေးသွင်းချက်မှတ်တမ်းများ နှင့်အတူ ကုမ္ပဏီကိုအခွန်စည်းကြပ်ရာရုံးမှ ထုတ်ပေးထားသည့် ဝင်ငွေ ရလမ်း တင်ပြသည့်အမြတ်ဝေစု ထုတ်ယူသည့်နှစ်အတွက် အခွန်တောင်းခံလွှာ နှင့် ငွေသွင်းချလန် (မူရင်း) တို့ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ အမြတ်ဝေစုခွဲဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေရလမ်းတင်ပြခြင်းအတွက် မည်သည့်အထောက်အထားများတင်ပြရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အမည်ပေါက် ပြောင်းရန် အခွန်ပေးဆောင်ရာတွင် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှ ရရှိသောဝင်ငွေအား ဝင်ငွေရလမ်းအထောက်အထားအဖြစ်တင်ပြနိုင်ရန် အောက်ပါ အချက်အလက်များ လိုအပ်မည်ဖြစ်ပါသည်-

(က)  မြန်မာနိုင်ငံမှတရားဝင်ထွက်ခွာခြင်း/ ပြန်လည်ဝင်ရောက်ခြင်းတို့အတွက် နိုင်ငံကူးလက်မှတ်မိတ္တူ

(ခ)    လစာဝင်ငွေရရှိသည့်အထောက်အထား(မူရင်း) သို့မဟုတ် အခွန်ပေးဆောင် ထားသည့် အထောက်အထား(မူရင်း)

(ဂ) ပြည်ပတွင်အလုပ်လုပ်သည့်ကာလဆိုင်ရာအထောက်အထား(မူရင်း)

(ဃ)  ပြည်ပတွင် အလုပ်လုပ်ကိုင်သည့်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ထုတ်ပေး သည့် လစာထုတ်ပေးမှုမှတ်တမ်း

(င)    ဘဏ် သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင်(Remittance Business licenses) ရရှိထားသည့် လုပ်ငန်းမှတစ်ဆင့် ငွေလွှဲမှုမှတ်တမ်း သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် Money Exchange Counter များ တွင် ငွေလဲလှယ်မှုအထောက်အထားများနှင့် လေဆိပ်တွင် ကြေညာထား သည့်အထောက်အထား တို့ကိုတင်ပြရမည်ဖြစ်ပါသည်။

Question

မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အမည်ပေါက် ပြောင်းရန် အခွန်ပေးဆောင်ရာတွင် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှ ရရှိသောဝင်ငွေအား ဝင်ငွေရလမ်းအထောက်အထားအဖြစ်တင်ပြနိုင်ရန် လိုအပ်သော အချက်အလက်များ သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ၁၈-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၄၇/၂၀၁၈ အရ ပေးချေငွေများ အပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းရမည့်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်

ပေးချေငွေအမျိုးအစား

ထုတ်ယူပေးသည့်ငွေမှ အခွန်အတွက် နုတ်ယူရန် ရာခိုင်နှုန်း

ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား များအတွက်

ပြည်ပနေ နိုင်ငံခြားသား အတွက်

(က)

အတိုးပေးငွေများ

-

၁၅%

(ခ)

လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ

၁၀%

၁၅%

(ဂ)

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ခေါ်ယူသည့်စနစ် သို့မဟုတ် ကန်ထရိုက် စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော် အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက် ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်း တို့အတွက် ပေးချေငွေများ

၂%

၂.၅%

(ဃ)

နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်း ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများ၊ ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများ

-

၂.၅%

Question

ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ ပြည်ပနေနိုင်ငံခြားသား ပေးချေငွေ အပေါ် နုတ်ယူရမည့်နှုန်းထားအား သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေ အရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၂% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ၎င်းအပြင် ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ) အရ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်များပိုင်ကုမ္ပဏီများအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ်  ၁၇% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ (က) တွင် လည်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂိ္ဂုလ်စုဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်းအသားတင်အမြတ်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီများအပေါ်တွင် မည်သည့်နှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံသည်နှင့် မည်သို့ သိရှိနိုင်မည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် ဆုံးရှုံးငွေပေါ်ပေါက်ခဲ့ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂၀ တွင် ဝင်ငွေနှစ်အတွင်းဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေရှိလျှင် ထိုနှစ်အတွင်းရရှိသည့် ကျန်ဝင်ငွေရလမ်းများမှ ဝင်ငွေတွင် ခုနှိမ်ပေးရမည်။ ကုန်စင်အောင်ခုနှိမ်ခြင်း မပြုနိုင် သောဆုံးရှုံးငွေပေါင်းကို တစ်ဆက်တည်းသုံးနှစ်အထိသယ်ယူခုနှိမ်ခွင့်ပေးရမည်။ သို့ရာ တွင် ဤပုဒ်မသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ-

(က)  အခြေပစ္စည်းမှဆုံးရှုံးငွေ

(ခ)    ပုဂိ္ဂုလ်စုတစ်ခုခုမှအရှုံးဝေစုတို့ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် ဆုံးရှုံးငွေပေါ်ပေါက်ခဲ့ပါက မည်သည့်အချိန်ထိ သယ်ယူခုနှိမ်ခွင့် ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကိုရရှိပါက ခွင့်ပြုကာလအတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပြီး၊ ပုဂ္ဂိုလ်စုဝင်ငွေခွန်ကြေညာလွှာတင်သွင်းချိန်တွင် ကြေညာလွှာ၏ အပိုင်း (ဃ) အမှတ်စဉ် (၄) တွင် ဖော်ပြပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကင်းလွတ်ခွင့် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာအခွန်ရုံးသို့ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ ခွင့်ပြုကာလ ကုန်ဆုံးပြီးသည့်ကာလမှစ၍ ပေးဆောင်ရမည့်ဝင်ငွေခွန်ကို နှစ်စဉ်ပြဋ္ဌာန်းလျက်ရှိသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ နှုန်းထားများအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီသည် ကုန်ကြမ်းပေးကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုသည့်ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားမှု နှင့်စပ်လျဉ်း၍ အခွန်ပေးဆောင်မှုကို မည်သို့ဆက်သွယ်ဆောင်ရွက်ရမည်ကိုမေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ လစာထုတ်ပေးရန်တာဝန်ရှိသူသည် တစ်နှစ် အတွက် ကျသင့်သည့်လစာ ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်၍ လစာထုတ်ပေးသည့်အချိန်တွင် အတတ်နိုင်ဆုံး အညီအမျှအရစ်များဖြင့်နုတ်ယူပြီး ဝင်ငွေခွန်စည်းမျဉ်း ၁၄(ခ) အရ ထိုသို့နုတ်ယူ ထားသည့် နေ့မှ (၁၅) ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်။ လစာဝင်ငွေနှစ်ချုပ်ကြေညာလွှာကို သက်ဆိုင်ရာဘဏ္ဍာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း တင်သွင်းရပါမည်။

Question

ကုမ္ပဏီမှဝန်ထမ်းများ၏ လစာဝင်ငွေခွန်ပေးဆောင်ရန်အတွက် နုတ်ယူထားပြီးနောက် မည်သည့်အချိန်တွင်ပေးဆောင်ရမည်နှင့် နှစ်ချုပ်ကြေညာလွှာကို မည်သည့်အချိန် တွင် တင်သွင်းရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ ဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား လစဉ်ပေးဆောင်ပြီးနောက် လစာ ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က) တွင် အချက်အလက်များပြည့်စုံစွာရေးသွင်းပြီး လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့ နှစ်စဉ်ထုတ်ပေး၍ မူရင်းခွဲအားမှတ်တမ်းထားရှိရမည်။ အဆိုပါပုံစံ၏ စာမျက်နှာ (၂) အား ကျောကပ်၍ စာရွက် တစ်ရွက်တည်း ထုတ်ပေး ရမည်။ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့ အထောက်အထား လက်မှတ် Paye Certificate ထုတ်ပေးရာတွင် အဆိုပါ ဝန်ထမ်းအတွက် ပထမဆုံး လစာနုတ်ယူပေးသွင်းသည့်လမှစ၍ ရေးသွင်းရမည်ဖြစ်ပြီးဝန်ထမ်းက မိမိရုံးတွင် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက လစာနောက်ဆုံးနုတ်ယူပေးသွင်းသည့်လအထိသာ ရေးသွင်းပေးရမည်။ မိမိရုံးတွင်လုပ်ကိုင်ခြင်းမရှိသည့်လများအား ကန့်လန့်ဖြတ်မျဉ်း ရေးဆွဲ၍ ပယ်ဖျက်ပေးရမည်။ မိမိကုမ္ပဏီမှဝန်ထမ်းပြောင်းရွှေ့သွားပါက ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ Paye Certificate ပတခ(ဝင)-၁၅(က) မူရင်းခွဲကို ဝန်ထမ်းသို့ထုတ်ပေးရမည်။ ဝန်ထမ်းမှ နောက်အလုပ်ရသည့်အခါ မူရင်းခွဲကို နောက်အလုပ်ရှင်အသစ်ထံသို့ ပေးရမည်။ အလုပ်ရှင်အသစ်သည် အဆိုပါမူရင်းခွဲပါ လစာဝင်ငွေပမာဏနှင့် မိမိရုံးမှ ထုတ်ပေးမည့်လစာဝင်ငွေပမာဏကို ဘဏ္ဍာနှစ် တစ်နှစ်စာအတွက် လစာဝင်ငွေခွန်တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ အခြေပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ရယူ ဆောင်ရွက်သည့်အခါ ဝင်ငွေရလမ်းတင်ပြရာတွင် ယခင်က အသုံးပြုခဲ့သည့် အခွန် ပေးဆောင်မှုမှတ်တမ်းစာအုပ်ကဲ့သို့ လစာဝင်ငွေခွန်ပေးသွင်းခြင်းဆိုင်ရာ အထောက် အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က) ကို လည်းတင်ပြနိုင်ပါသည်။ ပတခ(ဝင)-၁၅(က) ပုံစံအား IRD ၏ website ဖြစ်သော www.ird.gov.mm ၏ Home Page >> Media >> form for SAS Tax office >> ဝင်ငွေကြေညာလွှာ ခေါင်းစဉ်များအောက်ရှိပုံစံများတွင်လည်း Download ရယူနိုင်ပါသည်။

Question

ကုမ္ပဏီမှဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား လစဉ်ပေးဆောင်ပြီးနောက် လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) ပုံစံ အား မည်သည့်အချိန်တွင် ထုတ်ပေးရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ နိုင်ငံခြားသားတစ်ဦး၏ ပြည်တွင်း၌လစာဝင်ငွေခွန်ရရှိမှုအပေါ် လစာဝင်ငွေခွန် ပေးဆောင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဋ)၊ ပုဒ်မခွဲငယ် (၁) အရ တစ်ဦးချင်းပုဂိ္ဂုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ ရက်ပေါင်း တစ်ရာ ရှစ်ဆယ့်သုံးရက်ထက်မနည်း နေထိုင်သော နိုင်ငံခြားသားဖြစ်ပါက ပြည်တွင်းနေ နိုင်ငံခြားသားအနေဖြင့် လစာဝင်ငွေခွန်ကို တွက်ချက်ရမည်။ အကယ်၍ ဝင်ငွေနှစ် အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း တစ်ရာရှစ်ဆယ့်သုံးရက်မကျော်ပဲ နေထိုင်ပါက ပြည်ပနေနိုင်ငံခြားသားအနေဖြင့် လစာဝင်ငွေခွန်ကို တွက်ချက်ရမည်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ လစာမှ နှစ်တစ်နှစ်အတွင်း ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် လစာဝင်ငွေပေးဆောင်ရန် မလိုပါ။ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရ တစ်နှစ်လစာဝင်ငွေကျပ် ၄၈ သိန်း ထက်ကျော်လွန်ပါက စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ရှိသောဝင်ငွေအား ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာလိုက် နှုန်းထားများအတိုင်းတွက်ချက် ပေးဆောင် ရမည်ဖြစ်ပါသည်။ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ခွင့်ပြုပေး၍ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပေဒ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ၏ ဇယားပါ ဝင်ငွေခွန်နှုန်းထားများအတိုင်း လစာဝင်ငွေခွန်ကို တွက်ချက်ရပါမည်။ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက သက်သာခွင့်များနုတ်ပယ်ခွင့်ပြုမည်မဟုတ်ဘဲ ဇယားပါ ဝင်ငွေခွန် နှုန်းထားများအတိုင်း လစာဝင်ငွေခွန်ကျသင့်မည်ဖြစ်ပြီး ယင်းကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်သော နိုင်ငံခြားသားတစ်ဦးမှ ပြည်တွင်း၌ လစာဝင်ငွေခွန်ရရှိမှု အပေါ် လစာဝင်ငွေခွန်ပေးဆောင်ရန်ကိစ္စအား သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီ၏ ဝန်ထမ်းအား လစာဝင်ငွေခွန်ပေးဆောင်ရန် တွက်ချက်မှုတွင် ကျန်းမာရေး အာမခံအား သက်သာခွင့်ပြုငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) ၏ စဉ် (ဂဂ) တွင် “အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံ အတွက် ပေးရသောပရီမီယံ” ဟုဖော်ပြထားပါသဖြင့် ထိုဥပဒေအရ အသက်အာမခံအတွက် ဟုသာပါရှိသဖြင့် ကျန်းမာရေးအာမခံအားသက်သာခွင့်ပြုငွေအဖြစ်နုတ်ယူခွင့်မရှိပါ။

Question

ကုမ္ပဏီ၏ ဝန်ထမ်းအား လစာဝင်ငွေခွန်ပေးဆောင်ရန် တွက်ချက်မှုတွင် ကျန်းမာရေး အာမခံအား သက်သာခွင့်ပြုငွေတွင်နုတ်ယူခွင့် ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း