အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် ဖြစ်သော ပတခ(ဝင)-၁၅(က) တွင်ပါရှိသော လစာဝင်ငွေခွန် နုတ်ယူပေးသွင်းသူနေရာတွင် BOD အဖွဲ့ဝင်တစ်ဦး သို့မဟုတ် မန်နေဂျာ သို့မဟုတ် အထွေထွေမန်နေဂျာ က လက်မှတ် ရေးထိုးရန် ဖြစ်ပါသည်။

Question

လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် ဖြစ်သော ပတခ(ဝင)-၁၅(က) တွင်ပါရှိသော လစာဝင်ငွေခွန်နုတ်ယူပေးသွင်းသူနေရာတွင် မည်သူကလက်မှတ်ရေးထိုးရမည်ကို မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ ပြည်တွင်းသို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား၏ လစာ ဝင်ငွေခွန်မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) ပုဒ်မခွဲငယ် (၁) အရ တစ်ဦးချင်း ပုဂိ္ဂုလ်သည် ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း နေထိုင်သောနိုင်ငံခြားသားဖြစ်ပါက ပြည်တွင်းနေနိုင်ငံသားများ၏ လစာဝင်ငွေခွန် တွက်ချက်သည့် နည်းတူအခြေခံသက်သာခွင့် ၂၀% ကိုလည်းသက်သာခွင့်ပြုငွေ အဖြစ် ခံစားခွင့်ပြုမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဌ) အရ ပြည်ပနေနိုင်ငံခြားသား ဖြစ်ပါက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၄ တွင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ယင်း၏စုစုပေါင်း ဝင်ငွေအပေါ် လစာခေါင်းစဉ်မှဝင်ငွေဖြစ်ပါက ဝင်ငွေခွန်ဥပ‌ဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ် ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ပြည်တွင်းသို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား၏ လစာ ဝင်ငွေခွန် တွက်ချက်ရာတွင် အခြေခံသက်သာခွင့် ၂၀% အား သက်သာခွင့်ပြု/မပြု သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ပြည်တွင်းနေနိုင်ငံခြားသား၏ လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက် အထားလက်မှတ် ပတခ(ဝင)-၁၅(က) ပုံစံကို သက်ဆိုင်ရာနိုင်ငံများသို့ တင်ပြသည့်အခါ မှန်ကန်ကြောင်းထောက်ခံချက်ကို အလုပ်ရှင်ကုမ္ပဏီမှတစ်ဆင့် လစာဝင်ငွေခွန် ပေးသွင်းသည့် သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားရပါမည်။ ယင်းသို့လျှောက်ထား ရာတွင် သက်ဆိုင်ရာကုမ္ပဏီ/ အဖွဲ့အစည်း/ ရုံးဌာနမှ လစာဝင်ငွေခွန်နုတ်ယူပေးသွင်း ခြင်းဆိုင်ရာအထောက်အထားလက်မှတ်ပုံစံ ပတခ(ဝင)-၁၅(က) နှင့် လစာနှစ်ချုပ်စာရင်း ပတခ(ဝင)-၀၃-၀၇(က)၊ ပတခ(e-payment)-၁ သို့မဟုတ် ပတခ(e-payment)-၂ မိတ္တူများ ပူးတွဲလျက် သက်ဆိုင်ရာအခွန်ရုံးသို့ တင်ပြရပါမည်။

Question

ပြည်တွင်းနေနိုင်ငံခြားသား၏ လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက် အထားလက်မှတ် ပတခ(ဝင)-၁၅(က) ထောက်ခံချက်လိုအပ်ပါက မည်သို့ဆောင်ရွက် ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ အလုပ်ရပ်စဲလိုက်သောဝန်ထမ်းအား ပေးသည့်နစ်နာကြေးအပေါ် လစာ ဝင်ငွေ ခွန်ပေးဆောင်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ တွင် ဖော်ပြထားသော လစာဝင်ငွေခွန်နှင့် အကျုံးဝင်ပါက ထည့်သွင်းတွက်ချက် ရမည်ဖြစ်၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ နှင့် အကျုံးမဝင်သော ကိစ္စရပ်များအား လစာ ဝင်ငွေခွန်ပေးဆောင် ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ။

Question

ကုမ္ပဏီမှ အလုပ်ရပ်စဲလိုက်သောဝန်ထမ်းအား ထုတ်ပေးသည့်နစ်နာကြေးရငွေအတွက် လစာ ဝင်ငွေခွန်ပေးဆောင်ရာတွင် ထည့်သွင်းတွက်ချက်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ပြည်ပနေနိုင်ငံသားတစ်ဦးသည် ပြည်ပတွင်ရရှိသည့်လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ် ၅၅/၂၀၂၃) အရ ဝင်ငွေခွန်ကို အောက်ပါအတိုင်းပေးဆောင်ရမည် ဖြစ်ပါသည်-

                       ဝင်ငွေခွန်နည်းဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေနိုငိငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ် အောက်ပါနည်းလမ်း ၂ ရပ်အနက် နည်းရာကျသင့်အခွန်ကိုရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင် ရမည်-

                            (က) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ် ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ တွက်ချက်ခြင်း၊

                            (ခ)   ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်း။

Question

ပြည်ပနေနိုင်ငံသားတစ်ဦးသည် ပြည်ပတွင်အလုပ် လုပ်ပြီးနောက် ရရှိသည့်လစာ ဝင်ငွေအပေါ် ဝင်ငွေခွန် ပေးဆောင်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ အရ မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိ သည့် လစာ/ လုပ်ခ/ နှစ်စဉ်ကြေး၊ ဆုချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင် တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသဖြင့် ဝန်ထမ်းအား ရှားပါးစရိတ်ချီးမြှင့်ခြင်းသည် ထပ်ဆောင်းပေးသည့်ငွေဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီအနေဖြင့် ဝန်ထမ်းအားရှားပါးစရိတ်ချီးမြှင့်လျှင် လစာဝင်ငွေခွန်တွက်ချက် ပါက ထည့်သွင်းတွက်ချက်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ပြည်ပနေနိုင်ငံခြားသား ၏လစာဝင်ငွေရရှိမှုအပေါ် မြန်မာနိုင်ငံ၌ လစာဝင်ငွေခွန်ပေးဆောင်ရန် တွက်ချက်ရာ တွင် ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာ ခွင့်များ နုတ်ပယ်ခြင်းမပြုရ။ ယင်း၏ စုစုပေါင်းဝင်ငွေအပေါ် လစာခေါင်းစဉ်မှ ဝင်ငွေ ဖြစ်ပါက ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန် နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အသက်အာမခံတို့သည် သက်သာခွင့်ပြုငွေများဖြစ်၍ နုတ်ယူခွင့်မပြုပါ။

Question

ပြည်ပနေနိုင်ငံခြားသား၏ လစာဝင်ငွေရရှိမှုအပေါ် မြန်မာနိုင်ငံ၌ လစာဝင်ငွေခွန် ပေးဆောင်ရန် တွက်ချက်မှုတွင် လူမှုဖူလုံရေးရန်ပုံငွေနှင့် အသက်အာမခံတို့ကို နုတ်ယူ ခွင့်ပြု/မပြုသိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပေဒ ပုဒ်မ ၃၀ တွင် ဖော်ပြထား သည်မှာ အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များအတွက် နိုင်ငံခြားငွေ ဖြင့် ဝင်ငွေရရှိလျှင် ယင်းဝင်ငွေအပေါ် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားဖြစ်ပါ က ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုး အစားဖြင့်လည်းကောင်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီရှိ ဝန်ထမ်းများနှင့်ပတ်သက်၍ ပြည်တွင်းနေနိုင်ငံခြားသားနှင့် ပြည်ပနေ နိုင်ငံခြားသားတို့၏ လစာဝင်ငွေခွန်ကို မည်သည့်ငွေကြေးအမျိုးအစားဖြင့် အခွန် ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) အရ တစ်ဦးချင်းပုဂိ္ဂုလ်အတွက် ဖြစ်လျှင် သက်သာခွင့်ပြုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  အခွန်ထမ်းအတွက်အခြေခံခွင့်ပြုငွေ           = ၂၀%                                                            (ခွင့်ပြုငွေကျပ် သိန်း၁၀၀

                                                                                                 ထက် မကျော်စေရ)

(ခ)    အိမ်ထောင်ဖက်အတွက်ခွင့်ပြုငွေ               = ၁၀ သိန်း

(ဂ)    သား/သမီး(တစ်ဦးလျှင်)                           = ၅ သိန်း

(ဃ)  အတူနေမိဘ(တစ်ဦးလျှင်)                        = ၁၀ သိန်း                                                           

(င)    အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံအတွက်ပေးရသောပရီမီယံ

(စ)    နည်းဥပဒေများဖြင့်ပြဋ္ဌာန်းသည့် ငွေစုဆောင်းခြင်းအတွက်ပေးရသည့်ထည့်ဝင်ငွေ တို့ဖြစ်ပါသည်။

                       အထက်ဖော်ပြပါနှင့် ခွင့်ပြုငွေများကို ဝင်ငွေခွန်နည်းဥပဒေ ၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ သက်သာခွင့်ပြုတွက်ချက်နိုင်ပါသည်။

Question

လစာဝင်ငွေခွန်တွက်ချက်ရန်အတွက် ခွင့်ပြုသော သက်သာခွင့်ပြုငွေနှင့် နှုန်းထားများ အားသိရှိလို၍မေးမြန်းခြင်း

ပုဂ္ဂလိကဘဏ်တွင် အပ်နှံထားသောငွေမှ အတိုးရသည့်အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/မရှိ သိရှိလိုပါသည်။

Answer

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁ ရှင်းလင်းချက်(ခ)အရ စီးပွားရေးလုပ်ငန်းဆိုသည်တွင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန်ရင်းနှီးမြှုပ်နှံခြင်းတို့ပါဝင်သည်ဟုဆိုထားသဖြင့် ပုဂ္ဂလိကဘဏ်တွင်အပ်နှံထားသောငွေမှ အတိုးရငွေသည် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြစ်သဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်မရပါ။

Question

ပုဂ္ဂလိကဘဏ်တွင် အပ်နှံထားသောငွေမှ အတိုးရသည့်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရှိ/မရှိ သိရှိလိုပါသည်။