ဆောက်လုပ်ရေးကုမ္ပဏီများမှ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားလွှာအ မှတ်၊ ၁၄/ ၂၀၁၄ အရ ကုမ္ပဏီပိုင်မြေကွက်ပေါ်တွင်လည်းကောင်း၊ ကုမ္ပဏီ၏ Board of Directors အဖွဲ့ဝင်များအမည်ဖြင့် ပိုင်ဆိုင်သောမြေကွက်ပေါ်တွင် လည်းကောင်း၊ ကုမ္ပဏီမှကိုယ်တိုင်ဆောက်လုပ်ခဲ့သော

Answer

ပိုင်ရှင်ကိုယ်တိုင်နေထိုင်ရန် ဆောက်လုပ်ခြင်း၊ ကာလတစ်ခုနေထိုင်ပြီးမှ ပြန်လည် ရောင်းချခြင်းသည်သာ အခြေပစ္စည်းမှမြတ်စွန်းငွေဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိသော်လည်း ကုမ္ပဏီကအဆောက်အဦဆောက်လုပ် ရောင်းချခြင်း သည် ကုန်သွယ်လုပ်ငန်းခွန် ၃% ကျသင့်သော ဝန်ဆောင်မှုဖြစ်ပါသည်။

Question

ဆောက်လုပ်ရေးကုမ္ပဏီများမှ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားလွှာအ မှတ်၊ ၁၄/ ၂၀၁၄ အရ ကုမ္ပဏီပိုင်မြေကွက်ပေါ်တွင်လည်းကောင်း၊ ကုမ္ပဏီ၏ Board of Directors အဖွဲ့ဝင်များအမည်ဖြင့် ပိုင်ဆိုင်သောမြေကွက်ပေါ်တွင် လည်းကောင်း၊ ကုမ္ပဏီမှကိုယ်တိုင်ဆောက်လုပ်ခဲ့သော လူနေအိမ်တိုက်ခန်းများ ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရှိ/မရှိ မေးမြန်းခြင်း။

Telenor ဆက်သွယ်ရေးကုမ္ပဏီထံမှ sim card များအားလက္ကား ဝယ်ယူရောင်းချ သည့်ကုမ္ပဏီသည် ရောင်းချလိုသော sim card တန်ဖိုးကိုရောင်းချပေးရန် ဆက် သွယ်ရေးလုပ်ငန်းရှင် Telenor နှင့် စာချုပ်ချုပ်ဆိုဝယ်ယူပြီး sim card တန်ဖိုး အတွက် ငွေပေးချေသည့်အခါ တန်ဖိုး၏ ၁၀%

Answer

Telenor ဆက်သွယ်ရေးကုမ္ပဏီထံမှ sim card များအား လက္ကားဝယ်ယူ ရောင်းချသည့် ကုမ္ပဏီသည် sim card တန်ဖိုးအတွက် ငွေပေးချေသည့်အခါတန်ဖိုး၏ ၁၀% အား လက္ကားဝယ်ယူသူကုမ္ပဏီသို့ ပြန်လည်ပေးအပ်ရာ ၎င်းကုမ္ပဏီအနေဖြင့် ရရှိသော ကော်မရှင်ခရငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

Telenor ဆက်သွယ်ရေးကုမ္ပဏီထံမှ sim card များအားလက္ကား ဝယ်ယူရောင်းချ သည့်ကုမ္ပဏီသည် ရောင်းချလိုသော sim card တန်ဖိုးကိုရောင်းချပေးရန် ဆက် သွယ်ရေးလုပ်ငန်းရှင် Telenor နှင့် စာချုပ်ချုပ်ဆိုဝယ်ယူပြီး sim card တန်ဖိုး အတွက် ငွေပေးချေသည့်အခါ တန်ဖိုး၏ ၁၀% အားလက္ကား ဝယ်ယူသူကုမ္ပဏီသို့ ပြန်လည်ပေးအပ်ရာ၊ ၎င်းကုမ္ပဏီအနေဖြင့် ရရှိသောကော်မရှင်ခရငွေအပေါ် ကုန် သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။

အခွန်တံဆိပ်ခေါင်းကပ်ပြီးသောစာချုပ်ဖြင့် ရောင်းခွန် (ကုန်သွယ်လုပ်ငန်းခွန်) ၅% ပေးဆောင်ရန် လို/ မလို မေးမြန်းခြင်း။

Answer

တံဆိပ်ခေါင်းခွန်သည် စာချုပ်စာတမ်းချုပ်ဆိုခြင်းနှင့် သာသက်ဆိုင်ပြီး ကုန်သွယ် လုပ်ငန်းခွန်သည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၄ အရ ပြည်တွင်း၌ ကုန်စည် ထုတ်လုပ်ရောင်းချခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့နှင့်သာ သက်ဆိုင်ပါသည်။ ဆိုင်သင့်ရာ ဥပဒေနှင့်အညီ အခွန်ထမ်းဆောင်ရန် လိုအပ်ပါသည်။

Question

အခွန်တံဆိပ်ခေါင်းကပ်ပြီးသောစာချုပ်ဖြင့် ရောင်းခွန် (ကုန်သွယ်လုပ်ငန်းခွန်) ၅% ပေးဆောင်ရန် လို/ မလို မေးမြန်းခြင်း။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၃၆) ပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီ နှင့် ဆီအခဲများ ကုန်စည် အမျိုးအစား၌ ဆီအခဲတွင် မည်သည်များပါဝင်ပါသနည်း။

Answer

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၃၆) ပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီ နှင့် ဆီအခဲများဆိုသည်မှာ အဆိုပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီ နှင့်၎င်းတို့၏ ဆီအခဲများကို ဆိုလိုခြင်းဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၁၅/ ၂၀၁၆ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

Question

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၃၆) ပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီ နှင့် ဆီအခဲများ ကုန်စည် အမျိုးအစား၌ ဆီအခဲတွင် မည်သည်များပါဝင်ပါသနည်း။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၈) ပါ ဆီအုန်းကုန်စည်အမျိုးအစား (သို့) ဆီအုန်းပင်အမျိုးအစားသည် မည်သည်ကို ဆိုလိုပါသနည်း။

Answer

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၈) ပါ ဆီအုန်းကုန်စည်အမျိုးအစားသည် ဆီအုန်းစေ့နှင့် ဆီအုန်းပင် နှစ်မျိုးစလုံးကို ဆိုလိုခြင်းဖြစ်သည်။

Question

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (က) ရှိ အမှတ်စဉ် (၈) ပါ ဆီအုန်းကုန်စည်အမျိုးအစား (သို့) ဆီအုန်းပင်အမျိုးအစားသည် မည်သည်ကို ဆိုလိုပါသနည်း။

EXE Design Myanmar Co: Ltd သည် Sakura Residence အမည်ဖြင့်လူနေ အိမ်ခန်းငှားရမ်းခြင်းကို လုပ်ဆောင်လျက်ရှိရာ သံရုံးဝန်ထမ်းများစွာလည်း ပါရှိ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသောစာအရ သံရုံးဝန်ထမ်း များမှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခြင်း

Answer

နှစ်နိုင်ငံအပြန်အလှန်အခွင့်အရေးမူအရ အခွန်ကင်းလွတ်ခွင့်သည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ (၁၄) (ဃ) အမှတ်စဉ် ၂၆ တွင် "နှစ်နိုင်ငံအကြားအပြန်အလှန်အခွင့်အရေးမူနှင့် အကျုံးဝင်သည့် နိုင်ငံခြားသံရုံး များ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများက ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း" ဟု ပါရှိသည့်အတွက် ၁-၄-၂၀၁၆ မှစတင်၍ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များအတွင်းဖြစ်ပါက ပြည်ထောင်စုအစိုးရမှ ကင်းလွတ်ခွင့် ပေးနိုင် သည့်ကိစ္စသာ ဖြစ်ပါသည်။

Question

EXE Design Myanmar Co: Ltd သည် Sakura Residence အမည်ဖြင့်လူနေ အိမ်ခန်းငှားရမ်းခြင်းကို လုပ်ဆောင်လျက်ရှိရာ သံရုံးဝန်ထမ်းများစွာလည်း ပါရှိ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသောစာအရ သံရုံးဝန်ထမ်း များမှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများဖြစ်သော ကြောင့် ၎င်းတို့၏ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံထားခြင်းမရှိ ပါကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှပေးပို့သည့်စာတွင် Diplomatic Missions ဟူသောစကားရပ်တွင် သံတမန်နှင့် ကောင်ဆယ်လာကိုသာခွင့်ပြုခြင်း (သို့မဟုတ်) သံရုံးဝန်ထမ်းများပါ အကျုံးဝင်ခြင်းရှိ/ မရှိ မေးမြန်းခြင်း။

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီက UNDP နှင့် NGO အဖွဲ့ အစည်းအသီးသီးရှိ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံခြားသားများက ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စသည့်ဒေသဖွံဖြိုးရေးတိုးတက်ရေး

Answer

ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင် ငံတော်သို့ ထောက်ပံ့ငွေဖြင့်ရယူသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် Hotel, Apartment ငှားရမ်းခြင်း နှင့် ပတ်သက်မှုမရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီက UNDP နှင့် NGO အဖွဲ့ အစည်းအသီးသီးရှိ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံခြားသားများက ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စသည့်ဒေသဖွံဖြိုးရေးတိုးတက်ရေးနှင့် ကယ်ဆယ် စောင့်ရှောက်ရေးတို့အတွက် ပြည်တွင်းသို့ ထောက်ပံ့လှူဒါန်းခြင်းများ လာရောက် ၍ ဆောင်ရွက်ရာ Hotel, Apartment များ၌ လာရောက်ငှားရမ်းနေထိုင်ကြရာ တွင် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရခြင်းရှိ/ မရှိ မေးမြန်းခြင်း။

သီလဝါဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် BOT စာချုပ်ချုပ်ဆို၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၁၈၅/၉၆ ဖြင့် ဆိပ်ကမ်း တံတားသို့ လာရောက်ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချပြုလုပ်သော နိုင်ငံခြားသင်္ဘော များထံမှလည်းကောင်း၊ ကုန်တင်သ

Answer

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းမှရငွေများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၄၊ အမှတ်စဉ် (၇) ပါကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးဝင်မှုမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရ မည်ဖြစ်ပါသည်။

Question

သီလဝါဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် BOT စာချုပ်ချုပ်ဆို၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၁၈၅/၉၆ ဖြင့် ဆိပ်ကမ်း တံတားသို့ လာရောက်ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချပြုလုပ်သော နိုင်ငံခြားသင်္ဘော များထံမှလည်းကောင်း၊ ကုန်တင်သွင်းသူ/ ကုန်တင်ပို့သူများထံမှလည်းကောင်း ရရှိလာသောဝန်ဆောင်မှုရငွေများအပေါ် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၇) ပါကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (မော်တော်ယာဉ်၊ ရေယာဉ်၊ လေ ယာဉ်၊ စက်ယန္တရားများ ဖြင့်သယ်ယူပို့ဆောင်ခြင်း) နှင့် အကျုံးဝင်မှုရှိ/ မရှိမေးမြန်း ခြင်း။

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ။

Answer

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။ အပြန်အလှန်အခွင့်အရေးမူနှင့်အကျုံးဝင် ပါက သံရုံးမှရယူသည့် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

Question

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ။

၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အမှတ်စဉ် (၆၈) ပါ ဆေးဂွမ်း၊ ဆေးပတ်၊ ဆေးပတ်တီး၊ ဆေးရုံသုံး အဝတ်အစားနှင့် ဆေးရုံသုံး အထွေထွေပစ္စည်းများ (ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင် တင်သွင်းသည့်ပစ္စည်းများအတွက်သာ) ဟု ပြဋ္ဌာန်းထား

Answer

အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၁၆ တွင်ဖော်ပြထားပြီးဖြစ်သည့်အတိုင်း ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင်တင်သွင်း၍ ဆိုင်ရာဆေးရုံ၊ ဆေးခန်း ၌ရောင်းချခြင်း၊ အသုံးပြုခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ဆေးရုံ၊ ဆေးခန်းများက တင်သွင်းပြီး အခြားသူသို့ ပြန်လည်ရောင်းချမည်ဆိုပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အခြားသူကတင်သွင်းခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ပါသည်။ အခြားသူက ရောင်းချခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အမှတ်စဉ် (၆၈) ပါ ဆေးဂွမ်း၊ ဆေးပတ်၊ ဆေးပတ်တီး၊ ဆေးရုံသုံး အဝတ်အစားနှင့် ဆေးရုံသုံး အထွေထွေပစ္စည်းများ (ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင် တင်သွင်းသည့်ပစ္စည်းများအတွက်သာ) ဟု ပြဋ္ဌာန်းထားရှိသည့်အတွက် ၎င်းကုန် ပစ္စည်းများအား ဆေးရုံဆေးခန်းကြီးများမှ ကိုယ်တိုင်တင်သွင်းပြီး အသုံးပြုရန် မဟုတ်ဘဲ ရပ်ကွက်အတွင်းရှိဆေးခန်းများသို့ ပြန်လည်ရောင်းချရန်အတွက် တင် သွင်းလာပါက ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ / မရှိ မေးမြန်းခြင်း။