လူပုဂ္ဂိုလ်တစ်ဦးမှ ၄င်းပိုင်ဆိုင်သော ဆိုင်ခန်းနေရာ အား ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသို့ (၃) နှစ်ငှားရမ်းမည်ဖြစ်ရာ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလိုပါသည်။

Answer

လူပုဂ္ဂိုလ်တစ်ဦးမှ ဆိုင်ခန်းငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့် သည့် ဝန်ဆောင်မှု(၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ (ခ) အရ ဆိုင်ခန်းငှားယူသူ ထံမှ ငှားရမ်းခရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို တစ်ပါတည်းကောက်ခံပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ ငှားရမ်းခရရှိသည့် လကုန်ဆုံးပြီး (၁၀) ရက် အတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၉(ဃ) အရ မြေ၊ အဆောက်အဦငှားရမ်းခြင်း မှရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါ သည်။ တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် (၃၅)(က)(၂) အရ (၃) နှစ် အငှားစာချုပ် ချုပ်ဆိုခြင်းအတွက် နှစ်စဉ်ပျမ်းမျှရရန်ရှိ သော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၀.၅% ထမ်း ဆောင်ရမည်ဖြစ်ပါသည်။ အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၂၉(ဂ) အရ ငှားရမ်းရသူ (သို့မဟုတ်) ငှားရမ်းမည့်သူက ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

လူပုဂ္ဂိုလ်တစ်ဦးမှ ၄င်းပိုင်ဆိုင်သော ဆိုင်ခန်းနေရာ အား ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသို့ (၃) နှစ်ငှားရမ်းမည်ဖြစ်ရာ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလိုပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင် စိုက်ထူပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင်စိုက်ထူ ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄(ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မ ၁၄(င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ် ပါသည်။ တယ်လီဖုန်းတာဝါတိုင်စိုက်ထူခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်မီ ဝန်ဆောင်မှု ရငွေနှင့်အတူ ဝန်ဆောင်မှုရယူသူ ဆက်သွယ်ရေးကုမ္ပဏီထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅% ကို တစ်ပါတည်းကောက်ခံ၍ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုဆောင်ရွက်သူ ကုမ္ပဏီ သည် လစဉ်ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ သက်ဆိုင်ရာလကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်း ဆိုင်ရာအခွန်ဦးစီးရုံးတွင် ပေးသွင်းရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင် စိုက်ထူပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအနေဖြင့် နိုင်ငံပိုင်သတင်းစာများထုတ်ဝေ ရောင်းချ မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

၂၀၁၈ ခုနှစ်၊ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) ဇယားအမှတ်စဉ် ၃၀ အရ စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများ သည် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ သို့ရာတွင် အဆိုပါသတင်းစာ၌ ကြော်ငြာခထည့်သွင်း သည့်ကိစ္စ ရပ်များအတွက်မူ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအနေဖြင့် နိုင်ငံပိုင်သတင်းစာများထုတ်ဝေ ရောင်းချ မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ဆေးကုမ္ပဏီတစ်ခုကဆေးများကို နိုင်ငံခြားမှတင်သွင်းရပြီး ပြည်တွင်းတွင် ပြန်လည်ရောင်းချ ခဲ့ပါသည်။ တင်သွင်းစဉ်က ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ် ပါ၍ရောင်းပြီးသောဆေးများအတွက် ကုန်သွယ်လုပ်ငန်းခွန် (၃) လတစ်ကြိမ် ပေးသွင်း၍ ရ/မရ

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂(က) အရ လစဉ်ကျသင့်သောအခွန်ကို သက်ဆိုင်ရာလ ကုန်ဆုံးပြီး ၁၀ ရက်အတွင်းပေးဆောင်ရမည်။ ထိုကဲ့သို့မပေးဆောင်ပါက ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ သတ်မှတ်ထားသောအချိန်အတွင်း လစဉ်ကျသင့်အခွန် ပေးသွင်းရန် ပျက်ကွက်ခြင်းအတွက် စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း ကိုဒဏ်ငွေ အဖြစ်ပေးဆောင်ရမည်ဖြစ်ပါသည်။ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် များကို လစဉ်ကျသင့်အခွန်ပေးသွင်းချိန်တွင် စည်းမျဉ်းများနှင့်အညီ  ခုနှိမ်ခွင့်ပြုမည်ဖြစ် ပါသည်။

Question

ဆေးကုမ္ပဏီတစ်ခုကဆေးများကို နိုင်ငံခြားမှတင်သွင်းရပြီး ပြည်တွင်းတွင် ပြန်လည်ရောင်းချ ခဲ့ပါသည်။ တင်သွင်းစဉ်က ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ် ပါ၍ရောင်းပြီးသောဆေးများအတွက် ကုန်သွယ်လုပ်ငန်းခွန် (၃) လတစ်ကြိမ် ပေးသွင်း၍ ရ/မရ သိလိုပါသည်။

ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်ရရှိရေးအတွက် ကသခ-၃၁ ပုံစံများကို မည်ကဲ့သို့ တင်ပြရ မည်ကို သိရှိလိုပါသည်။

Answer

ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခွင့်ရရှိရေးအတွက် ပတခ(ကသခ)-၃၃ ပုံစံကိုပြုစုပြီးကုန်ဝယ် ယူစဉ်က ရရှိထားသည့် ပတခ (ကသခ)-၃၁ ပုံစံများ၊ ကုန်ရောင်းချသူများ၏ ပတခ (ကသခ)-၂ ပုံစံများဖြင့် သက်ဆိုင်ရာအခွန်ရုံးသို့ တင်ပြရမည်ဖြစ်ပါသည်။

Question

ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်ရရှိရေးအတွက် ကသခ-၃၁ ပုံစံများကို မည်ကဲ့သို့ တင်ပြရ မည်ကို သိရှိလိုပါသည်။

ကွန်ကရစ်တိုင်များ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအနေဖြင့် သုံးလပတ်ကြေညာလွှာအား မည်ကဲ့သို့ တင်သွင်းရမည်ကို သိရှိလိုပါသည်။

Answer

ထုတ်လုပ်မှုလုပ်ငန်းကို ဆောင်ရွက်သည့်ကုမ္ပဏီများအနေဖြင့်  သုံးလတစ်ကြိမ်ပေးပို့ရမည့် ကုန်ရောင်းကြေညာလွှာ ပတခ(ကသခ)- ၅ ပုံစံကို အသုံးပြုရမည်ဖြစ်ပြီး ယင်းကြေညာလွှာ ကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ ရမည်ဖြစ်ပါသည်။

Question

ကွန်ကရစ်တိုင်များ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအနေဖြင့် သုံးလပတ်ကြေညာလွှာအား မည်ကဲ့သို့ တင်သွင်းရမည်ကို သိရှိလိုပါသည်။

ကုမ္ပဏီမှ Software များရောင်းချရာတွင် ဝယ်ယူသူ တချို့မှာ ကသခ-၃၁ ပုံစံ မတောင်း ခံပါ။ ထိုဝယ်သူမှမတောင်းခဲ့သည့် ကသခ- ၃၁ ပုံစံကို မိမိကုမ္ပဏီအမည်ဖြင့်ပြုစု၍ မိမိ ကုမ္ပဏီအတွက် ခုနှိမ်ခွင့် ရ/မရ သိရှိလိုခြင်းဖြစ်ပါသည်။

Answer

ပတခ(ကသခ)-၃၁ ပုံစံပြုစုရခြင်းရည်ရွယ်ချက်မှာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် လုပ်ငန်း ကိုလုပ်ကိုင်သည့်လုပ်ငန်းရှင်များအားလုံး အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေရေးအတွက် ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရှိရန် အသုံးပြုရသောပုံစံဖြစ် ပါသည်။ သို့ဖြစ်ပါ၍ ၎င်း ကသခ- ၃၁ ပုံစံကို ဝယ်ယူသူမှတောင်းခဲ့သည်ဖြစ်စေ၊ မတောင်း ခဲ့သည်ဖြစ်စေ ဝယ်ယူသူသို့သာထုတ်ပေးရပါမည်။ ဝယ်ယူသူမှ မတောင်းခံသည့် ကသခ- ၃၁ ပုံစံကို မိမိကုမ္ပဏီအမည်ဖြင့်ပြုစု၍ မိမိကုမ္ပဏီအတွက် ခုနှိမ်ခွင့်ရရှိရန် အသုံးပြု၍မရပါ။

Question

ကုမ္ပဏီမှ Software များရောင်းချရာတွင် ဝယ်ယူသူ တချို့မှာ ကသခ-၃၁ ပုံစံ မတောင်း ခံပါ။ ထိုဝယ်သူမှမတောင်းခဲ့သည့် ကသခ- ၃၁ ပုံစံကို မိမိကုမ္ပဏီအမည်ဖြင့်ပြုစု၍ မိမိ ကုမ္ပဏီအတွက် ခုနှိမ်ခွင့် ရ/မရ သိရှိလိုခြင်းဖြစ်ပါသည်။

UNICEF ရုံးတွင် ကုမ္ပဏီမှ သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းရှိ/ မရှိ မေးမြန်းခြင်း။

Answer

ဗီယမ်နာကွန်ဗင်းရှင်း Article 8 အရ UN နှင့်လက်အောက်ခံအဖွဲ့များက ပစ္စည်း ဝယ်ယူမှုအတွက် အခွန်ပေးခဲ့ရလျှင် ပြန်အမ်းရမည်ဟုပါရှိပါသဖြင့် ကုန် သွယ်လုပ် ငန်းခွန်ကင်းလွတ်ခွင့်ပြုသကဲ့သို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂ အခွင့်အရေး နှင့် ကင်းလွတ်ခွင့်ဥပဒေအရ ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သည်။

Question

UNICEF ရုံးတွင် ကုမ္ပဏီမှ သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းရှိ/ မရှိ မေးမြန်းခြင်း။

ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်များဖြစ် သည့် အမှတ်စဉ် (၅၅)ပါ ဘာသာရေးဆိုင်ရာ အဝတ်အထည် (သင်္ဃန်းစသည့်တို့) ဟု ဖော်ပြထားရာတွင် ပရိက္ခရာ၊ ဆွမ်းခွက်၊ ဟင်းခွက်၊ သပိတ်၊ ထီး၊ ယပ်တောင်၊ ဖိနပ် အစရှိသည့် ကုန်စည်ပစ္စည်းများ ပါဝင်ခြင်းရှိ/ မရှိ

Answer

ဘာသာရေးဆိုင်ရာပစ္စည်းများရောင်းချရာတွင် ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၄ (က) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည် များဖြစ်သည့် အမှတ်စဉ် (၅၅) ရှိ ဘာသာရေးဆိုင်ရာအဝတ်အထည် (သင်္ကန်း စသည်တို့) သာပါဝင်ပြီး အခြားသော ပရိက္ခရာ၊ ဆွမ်းခွက်၊ ဟင်းခွက်၊ သပိတ်၊ ထီး၊ ယပ်တောင်၊ ဖိနပ် တို့သည် အဆိုပါ အမှတ်စဉ် (၅၅) တွင် ပါဝင်ခြင်းမရှိပါ။

Question

ဘာသာရေးဆိုင်ရာပစ္စည်းများ ရောင်းချသူတစ်ဦးက ၎င်းမှာ ရဟန်းသံဃာနှင့် သီလရှင်များ အသုံးပြုသည့်အသုံးအဆောင်ပစ္စည်းများကို ရောင်းချပါကြောင်း၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (က) ရှိ ကုန်စည် တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်များဖြစ် သည့် အမှတ်စဉ် (၅၅)ပါ ဘာသာရေးဆိုင်ရာ အဝတ်အထည် (သင်္ဃန်းစသည့်တို့) ဟု ဖော်ပြထားရာတွင် ပရိက္ခရာ၊ ဆွမ်းခွက်၊ ဟင်းခွက်၊ သပိတ်၊ ထီး၊ ယပ်တောင်၊ ဖိနပ် အစရှိသည့် ကုန်စည်ပစ္စည်းများ ပါဝင်ခြင်းရှိ/ မရှိ သိရှိလို၍မေးမြန်းခြင်း။

ကုန်သွယ် လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သည့် အမှတ်စဉ် (၈) ရှိ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ခြင်းရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း

Answer

ပြည်ပအခြေစိုက် ကုမ္ပဏီပိုင်သင်္ဘောများသို့ တက်ရောက်အလုပ်လုပ်ကိုင်မည့် သင်္ဘောသားများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ လိုအပ်သောစာရွက် စာတမ်းများ ပြင်ဆင်ပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များပြင်ဆင်ပေးခြင်း၊ သင်္ဘောသားများ၏ လစာလွှဲပို့ငွေများအား သက်ဆိုင်ရာမိသားစုများသို့ ပြန်လည် လွှဲပို့ပေးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ၂၀၁၆ ခုနှစ်ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတွင်မပါဝင်သော အခြားဝန်ဆောင်မှုလုပ်ငန်းသက် သက်ဖြစ်၍ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပြီး ပြည်ပသင်္ဘောလိုင်းအတွက် သင်္ဘောသားများအား ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေပေးသော ဝန်ဆောင်မှုလုပ်ငန်းသည် အဆိုပါဥပဒေပုဒ်မ အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ပါသည်။

Question

ပြည်ပအခြေစိုက်ကုမ္ပဏီပိုင်သင်္ဘောများသို့ တက်ရောက်အလုပ်လုပ်ကိုင်မည့် သင်္ဘောသားများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ လိုအပ်သောစာရွက်စာ တမ်းများ ပြင်ဆင်ပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များပြင်ဆင်ပေးခြင်း၊ သင်္ဘောသားများ၏ လစာလွှဲပို့ငွေများအား သက်ဆိုင်ရာမိသားစုများသို့ ပြန်လည် လွှဲပို့ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအတွက် ပြည်ပသင်္ဘော ကုမ္ပဏီမှ ဝန်ဆောင်ခအဖြစ်ငွေလွှဲပို့ပြီး မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ ဝင်ငွေ အဖြစ်လက်ခံရရှိသည့် ဝန်ဆောင်ခရငွေသည် အခွန်မကျသင့် သည့်ဝန်ဆောင်မှု အမျိုးအစားများတွင် ပါဝင်ခြင်း ရှိ/ မရှိ နှင့် ပြည်ပသင်္ဘောလိုင်းအတွက် လိုအပ် သည့်အရည်အချင်းနှင့် ကိုက်ညီသောသင်္ဘောသားများအား ပြည်တွင်း၌ ရှာဖွေပေး သောဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ပေးသဖြင့် ပြည်ပသင်္ဘောလိုင်း ပင်မ ကုမ္ပဏီမှ ကုန်ကျသည့်စရိတ်နှင့် ဝန်ဆောင်ခများ လက်ခံရရှိခြင်းသည် ကုန်သွယ် လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သည့် အမှတ်စဉ် (၈) ရှိ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ခြင်းရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။