ပြည်တွင်းရှိ Media (လူထုဆက်သွယ်ရေး) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ၄င်းရရှိသည့် ဝန်ဆောင်မှုရရှိငွေအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ Media လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် ပေးခဲ့ရသည့် က

Answer

ဝန်ဆောင်မှုဆောင်ရွက်သည့်  Media  ( လူထုဆက်သွယ်ရေး ) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၆ အရ ပြည်တွင်း၌ ဝယ်ယူသော ကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝန်ဆောင်မှုလုပ်ငန်း ရယူခဲ့ရာ၌ ဝန်ဆောင်မှု ရငွေနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်တို့ကို Media လုပ်ငန်းဆောင်ရွက် သည့် ဝန်ဆောင်မှုအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်၌ ခုနှိမ်ပေးသွင်းနိုင်ပါသည်။ ခုနှိမ်ခွင့်ရရှိရန် ဝန်ဆောင်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂ နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရန် ပြည်တွင်း၌ဝန်ဆောင်မှုဆောင်ရွက်ခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ (ကသခ)- ၃၁ နှင့် ဝန်ဆောင်မှုဆောင်ရွက်စဉ် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ ( ကသခ )-၃၃ တို့ကို သုံးစောင်ပြုစုရေးသား၍ မူရင်းကို  ဝယ်သူသို့ ပေးအပ်ရန်ဖြစ်ပြီး၊ မူရင်းခွဲကို ဝယ်သူနှင့်သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီး ဌာနမှူးထံသို့ ပေးပို့ရန်ဖြစ်ပြီး လက်ခံအား ကုမ္ပဏီက သိမ်းဆည်းထားရန်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ Media (လူထုဆက်သွယ်ရေး) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ၄င်းရရှိသည့်  ဝန်ဆောင်မှုရရှိငွေအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ Media လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် ပေးခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ပေး သွင်း၍ ရ/မရ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက မွန်ပြည်နယ် မုပလ္လင်မြို့နယ်၌ ဂဝံလမ်းခင်းကျောက်များ တူးဖော်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

ဂဝံလမ်းခင်းကျောက်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချခြင်းအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇ ( ခ ) အရ ရောင်းရငွေအပေါ်တွင် သုည ရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက မွန်ပြည်နယ် မုပလ္လင်မြို့နယ်၌ ဂဝံလမ်းခင်းကျောက်များ တူးဖော်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက အကင်ပြုလုပ်စားသောက်သည့် ငါးအသားလုံး၊ ငါးအသား ချောင်းများကို ပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

ငါးကိုအကင်ပြုလုပ်စားသောက်သည့် ငါးအသားလုံး၊ ငါးအသားချောင်းများကို ပြည်ပမှ တင်သွင်း ခြင်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (က) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်များ အမှတ်စဉ် (၄၁) ပါ ငါး၊ ပုစွန် စသည့်ရေထွက် ပစ္စည်းများကို အခြေခံထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များတွင် အကျုံးဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက အကင်ပြုလုပ်စားသောက်သည့် ငါးအသားလုံး၊ ငါးအသား ချောင်းများကို ပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ကြွေပြားများကို ပြည်ပမှ တင်သွင်း၍ ပြန်လည်ရောင်း ချခြင်းအပေါ် မည်သည့်အခွန်များ ပေးဆောင်ရပြီး အခွန်ခုနှိမ်ခွင့်ကို မည်သို့ဆောင်ရွက် ရပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။

Answer

ကြွေပြားများကို ပြည်ပမှတင်သွင်းပါက တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ % အား ကြိုတင်ခွန်များအဖြစ် ပေးသွင်း ထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချပါက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(ခ)အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါ သည်။ ကြွေပြားများရောင်းချခြင်းအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ခွင့်ရရှိနိုင်ရန် အတွက် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂ အရ ခုနှိမ်နိုင်ရန် လုပ်ငန်းရှင်မှတ်ပုံတင် အမှတ် ပတခ (ကသခ)-၂ ပြည်ပမှတင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီး ကြောင်း သက်သေခံလက်မှတ်ပုံစံ ပတခ(ကသခ)-၃၂၊ ကုန်စည်အပေါ် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုပုံစံ ပတခ(ကသခ)-၃၃ တို့ကို ၂ စောင်စီ ပြုစု၍ သက်ဆိုင်ရာ ကုမ္ပဏီအခွန်ရုံးသို့ တင်ပြ၍ ခုနှိမ်ပေးသွင်းခြင်းကို ဆောင်ရွက်နိုင်ပါ သည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၃(က) (၁) အရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့်ကျပ်ငွေဖြင့် စုစုပေါင်းအသားတင်အမြတ် ဝင်ငွေအပေါ် ၂၅ % ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ကြွေပြားများကို ပြည်ပမှ တင်သွင်း၍ ပြန်လည်ရောင်း ချခြင်းအပေါ် မည်သည့်အခွန်များ ပေးဆောင်ရပြီး အခွန်ခုနှိမ်ခွင့်ကို မည်သို့ဆောင်ရွက် ရပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၎င်း၏ကုန်အမှတ်တံဆိပ်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီ တစ်ခုသို့ အသုံးချခွင့်ပြုသည့်အတွက် ထိုင်းကုမ္ပဏီမှ ရရှိသည့် ဝင်ငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ / မရှိ မေးမြန်းခြင်း။

Answer

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၎င်း၏ကုန်အမှတ်တံဆိပ်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခု သို့ အသုံးချခွင့်ပြုသည့်အတွက် ထိုင်းကုမ္ပဏီမှရရှိသည့် ဝင်ငွေအပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန်မကျသင့်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၎င်း၏ကုန်အမှတ်တံဆိပ်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီ တစ်ခုသို့ အသုံးချခွင့်ပြုသည့်အတွက် ထိုင်းကုမ္ပဏီမှ ရရှိသည့် ဝင်ငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ / မရှိ မေးမြန်းခြင်း။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြည်တွင်း၌ အလှကုန်ပစ္စည်းအမျိုးမျိုးကို Online မှတစ်ဆင့် ရောင်းချရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

အလှကုန်ပစ္စည်းအမျိုးမျိုးကိုပြည်တွင်း၌ Online မှတစ်ဆင့် ရောင်းချ၍ ရောင်းရငွေ အပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အရ ၅ % ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြည်တွင်း၌ အလှကုန်ပစ္စည်းအမျိုးမျိုးကို Online မှတစ်ဆင့် ရောင်းချရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများက ၎င်းတို့ လုပ်ငန်းနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် အရောင်းမြှင့်တင်ရေးပွဲများ၊ ဧည့်ခံပွဲများ ကျင်းပ ပြုလုပ်ခြင်းနှင့် ဟိုတယ်များတွင် အစည်းအဝေးများ ပြုလုပ်ရန် ခန်းမငှားရမ်းခြင်း၊ ခရီးသွားဧည့်သည်များအတွ

Answer

ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများမှ ကုန်သွယ်လုပ်ငန်းခွန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပုံစံ ပတခ (ကသခ)-၂ ရှိသည့် လုပ်ငန်းရှင်များဖြစ် သည့်အတွက် စည်းမျဉ်း ၄၂ နှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်နိုင်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်သည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များထံမှ ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ထားသည့် သက်သေခံအထောက်အထားပုံစံ ပတခ(ကသခ)-၃၁ ကို ခုနှိမ်ခွင့် ဆောင်ရွက်ချိန်တွင် အထောက်အထားအဖြစ် တင်ပြနိုင်ရန်အတွက် တောင်းခံ ၍ ရရှိနိုင်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများက ၎င်းတို့ လုပ်ငန်းနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် အရောင်းမြှင့်တင်ရေးပွဲများ၊ ဧည့်ခံပွဲများ ကျင်းပ ပြုလုပ်ခြင်းနှင့် ဟိုတယ်များတွင် အစည်းအဝေးများ ပြုလုပ်ရန် ခန်းမငှားရမ်းခြင်း၊ ခရီးသွားဧည့်သည်များအတွက် အခန်းငှားရမ်းပေးခြင်းတို့ကို ကုမ္ပဏီအမည်ဖြင့် ဆောင်ရွက်ပါကြောင်း၊ ကုမ္ပဏီအမည်ဖြင့် ငွေပေးချေချိန်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကောက်ခံ၍ ပြေစာပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပေးပါကြောင်း၊ သို့သော်လည်း ၎င်းကုမ္ပဏီများနှင့် Travel & Tour ကုမ္ပဏီများမှ စည်းမျဉ်း ၄၂ နှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်နိုင်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်သည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များထံမှ ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ထားသည့် သက်သေခံအထောက်အထား ပုံစံ ပတခ(ကသခ)-၃၁ ကို ခုနှိမ်ခွင့် ဆောင်ရွက်ချိန်တွင် အထောက်အထားအဖြစ် တင်ပြနိုင်ရန်အတွက် တောင်းခံ ၍ ရ/ မရ မေးမြန်းခြင်း။

ပြည်တွင်းကုမ္ပဏီတစ်ခုသည် ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်ရန် စက်ရုံမြေနေရာအား နှစ် (၅၀) နှစ်ရှည် ငှားရမ်းခြင်းအတွက် ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့် သွင်းပေးဆောင်ထားပါကြောင်း၊ ၎င်း နှစ်ရှည်ငှားရမ်းထားသော မြေနေရာအား ကုမ္ပဏီ ၏ မတည်ပိုင်ပစ္စည်းစာရင်းတ

Answer

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ရန် ငှားရမ်းခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ %  ပေးသွင်းထားသော်လည်း ၎င်း နှစ်ရှည်ငှားရမ်းခြင်းအတွက် မြေနေရာအား ကုမ္ပဏီ၏ မတည်ပိုင်ပစ္စည်းစာရင်းတွင် ထည့်သွင်းဖော်ပြ၍ မရနိုင်ပါ ကြောင်းနှင့် တန်ဘိုးလျော့ ခံစားခွင့်လည်း မရှိပါ။

Question

ပြည်တွင်းကုမ္ပဏီတစ်ခုသည် ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်ရန် စက်ရုံမြေနေရာအား နှစ် (၅၀) နှစ်ရှည် ငှားရမ်းခြင်းအတွက် ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့် သွင်းပေးဆောင်ထားပါကြောင်း၊ ၎င်း နှစ်ရှည်ငှားရမ်းထားသော မြေနေရာအား ကုမ္ပဏီ ၏ မတည်ပိုင်ပစ္စည်းစာရင်းတွင် ထည့်သွင်းဖော်ပြ၍ ရ/ မရနှင့် တန်ဘိုးလျော့ ခံစားခွင့် ရရှိခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

Myanmar Brodband Telecom Co.,Ltd သည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ IGW (International Gateway License) ကို ရရှိထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူပြီး ထိုင်း-မြန်မာနယ်စပ်မြဝတီမြိ

Answer

ကုန်သွယ်လုပ်ငန်းခွန်သည် မြန်မာနိုင်ငံအတွင်း၌သာ အကျိုးသက်ရောက်သဖြင့် ထိုင်း နိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိကြောင်းနှင့် ပြည်ပမှ Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းသည် နိုင်ငံတော်အတွင်း ဝယ်ယူခြင်း မဟုတ် သဖြင့် Taxation Right မရှိ၍ ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် နုတ်ယူပေးသွင်းရခြင်း မရှိပါ။

Question

Myanmar Brodband Telecom Co.,Ltd သည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ IGW (International Gateway License) ကို ရရှိထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူပြီး ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့တွင် အသင့်သွယ်တန်းထားသည့် Internet Fiber Cable များဖြင့် ချိတ်ဆက်၍ ပြည်တွင်း၌ Internet အသုံးပြုမည့် Customer များသို့ Package ဖြင့် ပြန်လည်ဖြန့်ချိရောင်းချမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ အနေဖြင့် ထိုင်းနိုင်ငံမှ ဝန်ဆောင်မှု မပါဝင်သည့် Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ပေးချေငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် နုတ်ယူပေးသွင်းရခြင်း ရှိ/ မရှိ မေးမြန်း ခြင်း။

ပြည်တွင်း၌ အင်္ကျီများပေါ်တွင် တံဆိပ်ရိုက်နှိပ်ပေးခြင်း ၀န်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီ တစ်ခုက ယင်း၀န်ဆောင်မှုရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

အင်္ကျီများ၌တံဆိပ်များရိုက်နှိပ်ပေးသည့် ၀န်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ ( ဃ ) ပါကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု ( ၂၉ ) မျိုးတွင် မပါဝင်ပါသဖြင့်ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည် ဖြစ်ပါသည်။

Question

ပြည်တွင်း၌ အင်္ကျီများပေါ်တွင် တံဆိပ်ရိုက်နှိပ်ပေးခြင်း ၀န်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီ တစ်ခုက ယင်း၀န်ဆောင်မှုရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။