ကုမ္ပဏီများအနေဖြင့် အခွန်စည်းကြပ်ခံယူရမည့် ရုံးပြောင်းလျှောက်ထားရာတွင်
ပူးတွဲ တင်ပြရမည့် အထောက်အထားများမှာ-
-
အခွန်ရုံးပြောင်းလဲစည်းကြပ်ခံယူခွင့်ပြုပါရန်သတ်မှတ်လျှောက်လွှာပုံစံ
(ထိုက်သင့် ရုံးခွန်တံဆိပ်ခေါင်း ၂၀၀ ကျပ် ကပ်နှိပ်၍)
-
ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် မိတ္တူ၊
-
ကုမ္ပဏီ Extract Form မိတ္တူ၊
-
အခွန်စည်းကြပ်မှု ပြီးပြတ်သည့်ကာလအထိ အခွန်ပေးသွင်းပြီးကြောင်း
အထောက်အထား၊
- ယခင်နှစ်၏
ဘဏ္ဍာရေးရှင်းတမ်းများဖြင့်
အခွန်ဆိုင်ရာဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးသို့
လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အခွန်ရုံး ပြောင်းလျှောက်လွှာပုံစံအား ပြည်တွင်းအခွန်များဦးစီးဌာန၏
website ဖြစ်သည့် www.ird.gov.mm တွင်ဝင်ရောက်၍
ရယူနိုင်မည်ဖြစ်သကဲ့သို့ အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံးတွင်လည်း ရယူနိုင်မည်ဖြစ်ပါသည်။
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ရန်ကုန်မြို့ရှိ
အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် အခွန်ကြေညာလွှာ
တင်သွင်း ခြင်းများကို ၁-၁၂-၂၀၂၁ ရက်နေ့မှ စတင်၍ အီလက်ထရောနစ် (e–Filing) စနစ်နည်း
ဖြင့်သာ ကြေညာလွှာတင်သွင်းရမည် ဖြစ်ပါသည်။ သုံးလပတ် ကုန်သွယ်ခွန် ကြေညာလွှာ ကို
e–Filing ဖြင့် တင်သွင်းရန် ird website သို့ ဝင်ရောက်၍ Account Registration ပြုလုပ်ပြီး
အချက်အလက်များ ဖြည့်သွင်း၍ သက်ဆိုင်ရာအခွန်ရုံးမှ အတည်ပြုချက် ရရှိပြီးပါက ကြေညာလွှာများကို
တင်သွင်းနိုင်မည်ဖြစ်ပါသည်။ e–Filing တွင် လက်မှတ် ထိုးမည့် အခွန်ထမ်း၏ ဝန်ခံချက်လက်မှတ်
မှတ်တမ်းကိုဆိုင် ရာရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ ကြိုတင်ပေးပို့ထားရမည်ဖြစ်ပါသည်။
e–Filing ဖြင့် ကြေညာလွှာတင်သွင်းမှုကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း
အခွန်များဦးစီးဌာန၏ website ဖြစ်သည့် www.ird.gov.mm
ရှိ media တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အဆင်မပြေမှုအား e-payment section ၏
ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် ဆိုင်ရာအခွန်ရုံးသို့ အသေးစိတ် ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဖျက်သိမ်းမည့် ကုမ္ပဏီအနေဖြင့် ပုံသေပိုင်ပစ္စည်းများရောင်းချပါက ရရှိသော မြတ်စွန်းငွေအတွက်
အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရ မည်ဟု ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၃ တွင် ပြဋ္ဌာန်းထားပါသည်။
ဝင်ငွေခွန်နည်းဥပဒေ ပုဒ်မ ၅(က) အရ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း
ပြု လုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်းဖိုးစုစုပေါင်းသည် ၂၀၂၂ခုနှစ်၊ ပြည်ထောင်စု၏အခွန်
အကောက်ဥပဒေပုဒ်မ ၂၈ အရ ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်စေကာမှု
ဝင်ငွေခွန်မကျသင့်စေရပါ။ သို့သော် ဝင်ငွေကြေညာလွှာ ကို အခြေပစ္စည်းရောင်းချသည့်နေ့မှ
ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာကုမ္ပဏီ၏ အခွန်စည်းကြပ်သည့်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။
ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာကို သတ်မှတ်ထားသည့်နေ့ရက်တွင်
သို့မဟုတ် ယင်းနေ့ရက်မတိုင်မီတင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
ပုဒ်မ ၆၇၊ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါ ဒဏ်ကြေးငွေ နှစ်ရပ်အနက်မှများရာ ဒဏ်ကြေးငွေကို
ပေးဆောင်ရမည်-
(၁) ပေးဆောင်ရမည့်
အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က
စည်းကြပ်မှု ပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေသည့်
တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ် အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
(၂) ငွေကျပ်တစ်သိန်း
ဖြစ်ပါသည်။
ပေးဆောင်ရမည့်
အခွန်အား သတ်မှတ်ရက်တွင် ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့်နေ့မှ
၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှု အကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင်ရန်ရှိသည့်
အခွန်အားလုံး ကိုဖြစ်စေ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်
ခြင်းမရှိသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးဆောင် ခြင်း
အတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။
e–Filing Management System ဖြင့် ကြေညာလွှာတင်သွင်းမည်ဆိုပါက
ပြည်တွင်း အခွန်များဦးစီးဌာန၏ website ဖြစ်သော www.ird.gov.mm
၏ E-Filing services Login Here မှတဆင့် link ဝင်ရောက်၍ လည်းကောင်း၊ (https://efiling.ird
.gov.mm) link မှလည်းကောင်း ဝင်ရောက်၍ စနစ်အသုံးပြုခွင့် အတွက် ပထမဦးစွာ
Account Register ကို အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ User Type
တွင် အခွန်ထမ်းကိုယ်တိုင်တင်သွင်းခြင်းဖြစ်ပါက Taxpayer ကိုရွေးပြီး အခကြေးငွေ ယူ၍
ကြေညာလွှာဖြည့်သွင်းသူမှ တင်သွင်းခြင်းဖြစ်ပါ က paid preparer ကိုရွေးပါ
-
Tax office တွင် သက်ဆိုင်ရာအခွန်ရုံးကိုရွေးပါ
-
TIN တွင် ကြေညာလွှာတင်သွင်းမည့် ကုမ္ပဏီ၏ဂဏန်း ၉ လုံးပါ
TIN
-
E-mail တွင် မိမိအသုံးပြုလိုသည့် e-mail ကိုထည့်ပါ
-
Phone Number တွင် e-filing ကိစ္စအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်
ဖုန်းနံပါတ်ထည့်ပါ
-
CAPTCHA ကိုထည့်သွင်းပြီးပါက Register Button ကို နှိပ်ပါ
- “Registration
has finished” ဟုပေါ်ပေါက်လာပါက Registration Request ပြုလုပ်ခြင်းပြီးစီးပြီဖြစ်ပါသည်။
ပုဂ္ဂလိကဘဏ်များမှတဆင့် အခွန်ပေးသွင်းခြင်းကို အီလက်ထရောနစ်
ငွေပေးချေမှု နည်းလမ်းများဖြင့်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ
(Mobile Banking, Mobile Payment) ဖြင့်လည်းကောင်း၊ MPU Debit Card/ MPU Coporate
Debit Card ကို အသုံးပြု၍ Online မှလည်းကောင်း သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်ပေးဆောင်နိုင်မည်ဖြစ်ပြီး
Cheque ဖြင့် အခွန်ပေးသွင်းနိုင်ရေး အတွက်နိုင်ငံပိုင်ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားရှိမှသာလျှင်
နိုင်ငံပိုင်ဘဏ်များ ၏ Cheque လက်မှတ်ကို အသုံးပြု၍ စာရင်းပြောင်း(Transfer)၊ စာရင်းရှင်(Clearing)
ဖြင့် အခွန်ပေးဆောင်နိုင်မည်ဖြစ်ပါသည်။
ကန်ကြီးဒေါင့်မြို့နယ်ရှိတွင် အခွန်စည်းကြပ်မှုခံယူလျှက်ရှိသောကုမ္ပဏီမှ
ရန်ကုန် တိုင်းဒေသကြီးတွင် အခွန်စည်းကြပ်မှုခံယူရန် အခွန်ရုံးပြောင်းလျှောက်ထားမည်
ဆိုပါက ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီလိပ်စာ
ပြောင်း ဆောင်ရွက်ပြီးမှသာ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အဖွဲ့ခေါင်းဆောင် ထံသို့လိပ်မူ၍
အောက်ပါအထောက်အထားများ ပူးတွဲတင်ပြ လျှောက်ထား ဆောင် ရွက်သွားရမည်ဖြစ်ပါသည်။
-
အခွန်ရုံးပြောင်းလဲစည်းကြပ်ခံယူခွင့်ပြုပါရန်သတ်မှတ်လျှောက်လွှာပုံစံ
-
ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် မိတ္တူ၊
-
ကုမ္ပဏီ Extract Form မိတ္တူ၊
-
အခွန်စည်းကြပ်မှု ပြီးပြတ်သည့်ကာလအထိ အခွန်ပေးသွင်းပြီးကြောင်း
အ ထောက်အထား၊
- ယခင်နှစ်၏
ဘဏ္ဍာရေးရှင်းတမ်းများ
အခွန်ရုံးပြောင်းလျှောက်လွှာပုံစံအား
ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သည့် www.ird.gov.mm
တွင်ဝင်ရောက်၍ ရယူနိုင်မည်ဖြစ်သကဲ့သို့ အခွန်ထမ်း ဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး တွင်လည်း
ရယူနိုင်မည်ဖြစ်ပါသည်။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ လစာဝင်ငွေခွန်ပေးဆောင်ရာတွင်
အကျိုး အမြတ် မယူသောအဖွဲ့အစည်းသည် အခွန်ထမ်းမှတ်ပုံတင်အမှတ် မရှိသေးပါက (TIN
Certificate) ရရှိအောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး (TIN) ရရှိပါက အခွန်ထမ်း ကြီးများဆိုင်ရာ
အခွန်ရုံးနှင့် ဆက်သွယ်၍ Online Payment ဖြင့်ပေးသွင်းနိုင်ကြောင်း အကျိုးအမြတ်မယူသော
အဖွဲ့အစည်းများ၏ အခွန်ထမ်းမှတ်ပုံတင်အမှတ်ရရှိရန် အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၀၊ ညွှန်ကြားလွှာအမှတ်
၄/၂၀၂၁ နှင့်အညီ အောက်ပါအချက်အလက်များဖြင့် လျှောက်ထားရယူနိုင်ပါကြောင်း-
(၁) အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအခွန်ထမ်းမှတ်ပုံတင်အမှတ်
လျှောက်လွှာ၊
(၂) ပူးတွဲ (၁)
လျှောက်လွှာပုံစံ၊
(၃) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ
သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း၊ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနစသည်) နှင့် အခြားအဖွဲ့အစည်းများက အသိအမှတ်ထုတ်ထားသည့်မှတ်ပုံတင်လက်မှတ်၊
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (Dica) ဖြစ်ပါက
(Company Extract Form)
(၄) MOU (နားလည်မှုစာချွန်လွှာ)
တို့ဖြစ်ပါသည်။
အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်အမှတ်
(TIN) ရရှိပြီး (၁) လအတွင်း အဖွဲ့အစည်း၏ Letter Head ဖြင့် အခွန်ထမ်း ဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊
အဖွဲ့ခေါင်းဆောင်ထံလိပ်မူ၍ အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရာတွင်
“အကျိုးအမြတ် မယူသောအဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း” ဟု အကြောင်းအရာဖော်ပြပြီး
ထိုက်သင့် ရုံးခွန်တံဆိပ်ခေါင်း ၂၀၀ ကျပ် ကပ်နှိပ်၍ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၇၉/၂၀၂၀) အရ အောက်ပါ
အ ထောက်အထား (၄) ချက်ကိုပြည့်စုံစွာ ပူးတွဲ လျှောက်ထားရမည် ဖြစ်ပါသည်-
(က) အခွန်ထမ်းမှတ်ပုံတင်အမှတ်
TIN ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးသည့် ဘဏ်တစ်ခုခုတွင် ဖွင့်လှစ်ထားသည့်
ဘဏ်စာရင်း အမှတ်၊
(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ
သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန စသည်) နှင့်အခြားအဖွဲ့အစည်းများက အသိအမှတ်ပြု ထုတ်ပေးထားသည့်
မှတ်ပုံတင်လက်မှတ်၊
(ဂ) အဖွဲ့အစည်း၏
ဖွဲ့စည်းပုံအခြေအနေ ဖော်ပြချက်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း မိတ္တူနှင့်
ပြင်ဆင်/ဖြည့်စွက်ခြင်းများရှိပါက ယင်းတို့၏မိတ္တူ၊
(ဃ) လျှောက်ထားသည့်နှစ်မတိုင်မီ
ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း တို့နှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။
ကုမ္ပဏီအနေဖြင့် လိုက်နာကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ ၏ နိုင်ငံတကာ စာရင်းကိုင်စံ
၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ တို့အရ လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့်
နိုင်ငံခြားငွေကြေးကို လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ် နှုန်းဖြင့် တန်ဖိုးသင့်၍
လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (Functional Currency) အဖြစ်ဦးစွာ စာရင်းရေးသွင်းရမည်ဖြစ်သည်။
ဝင်ငွေရရှိသည့်နေ့ရှိ ငွေလဲလှယ်နှုန်းနှင့် လုပ်ဆောင်ချက် ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းအကြား
ကွာခြားသည့် ပမာဏကို အမြတ် သို့မဟုတ် အရှုံးအဖြစ်စာရင်းရေးသွင်းရမည်ဖြစ်သည်။ စာရင်း
ပိတ်သည့်နေ့ (Balance Date) အထိ ပေးချေခြင်း မရှိသေးသောကျန်ရှိသည့် ငွေကြေး ပမာဏကို
အဆိုပါ စာရင်းပိတ်သည့်နေ့ (Balance Date) ရှိငွေလဲလှယ်နှုန်းဖြင့် ပြန်လည်တန်ဖိုးသင့်ရမည်
ဖြစ်သည်။ စာရင်းကိုင်စံများအရ အရှုံး/အမြတ်စာရင်းတွင် ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့်အမြတ်
သို့မဟုတ် အရှုံးတို့ကို မည်သို့ပင် စာရင်းရေးသွင်းစေကာမူ မြန်မာနိုင်ငံအခွန်ဥပဒေများအရ
အမှန်တကယ်ပေါ်ပေါက် ခြင်းမရှိသည့် အမြတ်နှင့် အရှုံး တို့ကို စည်းကြပ်ခွင့်/ နုတ်ပယ်ခွင့်ရှိမည်
မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ အား ပြည်တွင်းအခွန်များဦးစီးဌာန၏
website ဖြစ် သော www.ird.gov.mm ၏ policy
& law ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အခွန်စည်းကြပ်မှုစပ်လျဉ်း၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှုအသစ် (သို့မဟုတ်) ပြင်ဆင်စည်းကြပ်မှုအပါအဝင်
စည်းကြပ်မှု တစ်ခုခုကို စည်းကြပ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး
ခြောက် နှစ်အတွင်း ဆောင်ရွက်ခွင့်ရှိသည်။ ပုဒ်မခွဲ (ခ) အရ အောက်ပါ စည်းကြပ်မှု တစ်ရပ်ရပ်တွင်
စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလကုန်ဆုံးပြီး ၁၂ နှစ်အတွင်း စည်းကြပ်မှုအသစ်
သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်-
(၁) ပုဒ်မ ၂၇၊
ပုဒ်မခွဲ (ဂ) အရ စည်းကြပ်မှု၊
(၂) မူလစည်းကြပ်မှုသည်
အခွန်ထမ်း၏ လိမ်လည်လှည့်ဖြားမှုကြောင့် သို့မ ဟုတ် တမင်လျစ်လျူရှုမှုကြောင့်မမှန်မကန်သော
သတင်းအချက်အလက် အပေါ် အခြေခံ၍ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု
တို့ ဖြစ်ပါသည်။
ကုမ္ပဏီတွင် e-mail လိပ်စာ ပြောင်းလဲခြင်းအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု
ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) အရ အခွန်စည်းကြပ်ခံယူလျှက်ရှိသောသက်ဆိုင်ရာ အခွန်ရုံးသို့
သတင်းအချက်အလက်ပြောင်းလဲမှုပုံစံ ပတခ(ကသခ) ၀၁-၀၃ ကို စာဖြင့်တင်ပြ ရမည်ဖြစ်ပါသည်။ ထိုသို့
တင်ပြရာတွင် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည် ခွန်ဥပဒေတို့နှင့် သက်ဆိုင်သည့်ကိစ္စ
ဖြစ်ပါက ပြောင်းလဲမှု ပြုလုပ်ပြီး ၁၅ ရက်အတွင်း၊ ဝင်ငွေခွန်ဥပဒေနှင့် သက်ဆိုင်သည့်
ကိစ္စရပ် ဖြစ်ပါကပြောင်းလဲမှုပြုလုပ်ပြီး တစ်နှစ် အတွင်း ညွှန်ကြားရေးမှူးချုပ်ထံစာဖြင့်
အကြောင်းကြားရမည် ဖြစ်ပါသည်။
ကုမ္ပဏီ၏ လိုအပ်သည့်စာတမ်းအမှတ်အသားများ ထိန်းသိမ်းရန်ပျက်ကွက်ပါက
ပျက် ကွက်မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀၊ ပုဒ်မခွဲ (က) တွင် ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့်
ရက်တစ်ရက်ချင်းစီအတွက်ဖြစ်စေ၊ ရက် တစ်ရက် ၏ တစ်စိတ်တစ်ပိုင်းအတွက်ဖြစ်စေ ပုဒ်မခွဲ
(ခ) ပါ ဒဏ်ကြေးငွေသည်-
(၁) ကျပ် ငါးသိန်း
ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့်
ရက် တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ်ငါးထောင်ဖြစ်သည်။
(၂) ကျပ် သိန်း၅၀
ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက်
တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ် ငါးသောင်းဖြစ်သည်။
(၃) ကျပ် သိန်း
၅၀ ထက်ကျော်လွန်သည့် အခွန်ပေးဆောင်ရန် တာဝန် ရှိသူဖြစ်ပါ က ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့်
ရက် တစ်ရက်စီ အတွက် တစ်ရက်လျှင် ကျပ် တစ်သိန်း ဖြစ်ပါသည်။
ပုဂ္ဂိုလ်စုအခွန်ထမ်းများ အီလက်ထရောနစ်စနစ်
(e-filing) ဖြင့် ကြေညာလွှာ တင်သွင်းဆောင်ရွက်ရာတွင် အခက်အခဲများ၊ မှားယွင်ချက်များအား
အီလက်ထရော နစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Helpdesk
Center) အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
(ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅) တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က) တွင် အခွန်ပေးဆောင်ရန်
သတ်မှတ်ရက်တွင် အခွန်တစ်ရပ်ကို ပေးဆောင်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ် သည် အခွန်ထမ်းထံသို့
အခွန်ပေးဆောင်ရန်တောင်းခံသည့် အကြောင်းကြားစာကို ပေးပို့မည်ဖြစ်ပြီး အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ
ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင် သည့်အခွန်ကို မပြေကျန်ငွေအဖြစ်
လည်းကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူအဖြစ် လည်းကောင်း သတ်မှတ် ရမည်ဟု အခွန်ဆိုင်ရာ
စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) တွင် မပြေကျန်ငွေ နှင့် ပျက်ကွက်သူဆိုင်ရာ
သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ မပြေကျန်ငွေဆိုသည်မှာ စည်းကြပ်မှု၊ ကြွေး
စသည်တို့အား သတ်မှတ်ကာလအတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပြီး မပေးဆောင်သည့်အခွန်ကို
မပြေကျန်ငွေဟု သတ်မှတ်ပါသည်။
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ
၄၁ နှင့် ဝင်ငွေခွန်စည်းမျဉ်း ၁၀ (က) တွင် ဖော်ပြထားသောသူများဖြစ်ပါက ကုမ္ပဏီ၏ကိုယ်စားလှယ်အဖြစ်
ဆောင်ရွက် ခွင့်ရှိ မည်ဖြစ်ပြီး ကုမ္ပဏီ၏ အခွန်ကိစ္စများဖြစ်သော နှစ်ချုပ်ကြေညာလွှာစာရင်း
တင်ပြခြင်း ကိစ္စရပ်များတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက ကိုယ်စားလက်မှတ်
ရေးထိုး၍ ရနိုင်ပါသည်။
ကုမ္ပဏီ၏ အသစ်ထူထောင်သော စက်မှုလက်မှုကိုအခြေခံသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်
စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၉ တွင် ဖော်ပြထားသည်မှာ
လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက် တည်း သုံးနှစ်တာကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်းအသားတင်
အမြတ်ဝင်ငွေ ကျပ် သိန်း ၁၀၀ ထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည်။ ဖော်ပြပါ ဝင်ငွေထက်
ပိုမိုရရှိပါက ပိုမိုရရှိ သည့်ဝင်ငွေ အပါ်တွင်သာ ဝင်ငွေခွန်စည်းကြပ်ရမည် ဖြစ်ပါသည်။
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ
(ဂ) အရ ကုမ္ပဏီ၏ စာရွက်စာတမ်း အမှတ်အသားများကို
(၁) လုပ်ဆောင်ချက်တစ်ခုကို
ပြုလုပ်သည့်နေ့မှစ၍ ခုနှစ်နှစ်ကြာမြင့်သည့် ကာလ အထိ ထိန်းသိမ်းထားရမည်။
(၂) ခုနှစ်နှစ်ထက်
ပိုမိုကြာမြင့်သည့်ကိစ္စဖြစ်ပါက ယင်းမှတ်တမ်းများနှင့် သက် ဆိုင်သည့် အချိန်ကာလတစ်ရပ်အတွက်
အခွန်စည်းကြပ်ရန် ကာလ စည်းကမ်းသတ် ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ပုဒ်မခွဲ
(က) တွင် အခွန်ပေးဆောင်ရန် တာဝန်ရှိသူသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသည့်အချိန်ကာလတွင်
အခွန်ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် သတ်မှတ်ကာလတွင် အခွန်ကိုပေး သွင်း ရမည် ဖြစ်ပါသည်။
ပေးဆောင်ရမည့် ရက်ကျော်လွန်ပါက အခွန်ပေးဆောင် ရမည့် အချိန်တိုးမြှင့်ပေးရန် လျှောက်ထား၍မရပါ။
သတ်မှတ်ရက်မကျော်လွန်ခင် စည်းကြပ်မှု ပြုလုပ်သည့်နေ့ မှ ၁၄ ရက် အတွင်း သို့မဟုတ် စည်းကြပ်မှု
အကြောင်းကြားစာပါ သတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရမည်။ အချိန်တိုးမြှင့် ပေးရန် သတ်မှတ်ပုံစံဖြင့်
သက်ဆိုင်ရာအခွန်ရုံး တွင် လျှောက်ထားနိုင်ပါသည်။ ဤသို့ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက
အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ ပေးဆောင်ခြင်းမရှိသေးသည့်အခွန်၏
၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ပမာဏကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ်
ပေးဆောင် ရမည်ဖြစ်ပါသည်။
ကုမ္ပဏီမှ ပြည်တွင်းသို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား၏လစာဝင်ငွေ
ခွန် မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) ပုဒ်မခွဲငယ် (၁) အရ တစ်ဦးချင်းပုဂိ္ဂုလ်
ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း နေထိုင်သော နိုင်ငံခြားသားဖြစ်ပါက
ပြည်တွင်းနေနိုင်ငံသားများ၏ လစာဝင်ငွေခွန် တွက်ချက်သည့် နည်းတူအခြေခံသက်သာခွင့် ၂၀%
ကိုလည်းသက်သာခွင့်ပြုငွေအဖြစ် ခံစား ခွင့်ပြုမည် ဖြစ်ပြီး ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ
(ဌ) အရ ပြည်ပနေနိုင်ငံခြားသား ဖြစ်ပါက ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ
၂၄ တွင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ် ခြင်းမပြုဘဲ
ယင်း၏စုစုပေါင်း ဝင်ငွေအပေါ် လစာခေါင်းစဉ်မှဝင်ငွေဖြစ်ပါက ဤဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ
(ဂ) ပါ အခွန်နှုန်းများ အတိုင်းဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ပါသည်။