ငှားရမ်းခသတ်မှတ်ပြီး စပေါ်ငွေပေးရသော အဆောက်အဦအား ၁ နှစ်စာ ငှားရမ်းခြင်း အတွက်
စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၁) စဉ်
၃၅ (က) (၁) အရ ငှားရမ်းခကာလ ၁ နှစ် ထက်မပိုလျှင် ငှားရမ်းခ ရငွေ၏ ၀.၅% ဖြင့် ငှားရမ်းခအပေါ်
တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည့်အပြင် စဉ် ၃၅ (ဂ) အရ စပေါ်ပေးငွေအပေါ် ၂% ဖြင့် တံဆိပ်ခေါင်းခွန်
ကျသင့် မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏
နောက်ဆက်တွဲဇယား (၁) စဉ် ၂၃ အရ အဖိုးစားနားသင့်ငွေအပေါ်တွင် ၂ ရာခိုင်နှုန်း အပြင်
တံဆိပ်ခေါင်းခွန်အက်ဥပဒေ ပုဒ်မ ၃-က အရအပို တံဆိပ်ခေါင်းခွန် ၂% စုစုပေါင်း ၄% ဖြင့်
တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံပြင်ပတွင် အစုရှယ်ယာဝယ်ယူခြင်းအတွက် စာချုပ်ချုပ်ဆိုခဲ့မှုအပေါ်
မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာ လက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ် အခွန်ဦးစီးဌာနမှူး
ထံယူဆောင်လာပြီး တံဆိပ်ခေါင်းကပ်နှိပ်ထမ်းဆောင်နိုင်ကြောင်း တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ
၁၈ တွင် ပြဋ္ဌာန်းထားပါသည်။
ကုမ္ပဏီမှ အစုရှယ်ယာအချို့အား အခြားသူတစ်ဦးထံ အပေါင်ထား၍
ပြန်ဆပ်ရာတွင် အစုရှယ်ယာအပေါင်းထားခြင်းအတွက် အပေါင်စာချုပ်ချုပ်ဆိုမှုအပေါ် မြန်မာနိုင်ငံ
တံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) စဉ် ၂၇ ၌ ဒီဘင်ချာ ခေါ် ကြွေးမြီ ခံဝန်ချုပ်
နှင့်သက်ဆိုင်ပါက ၎င်းမှာ အပေါင်ဒီဘင်ချာ ခေါ် ကြွေးမြီခံဝန်ချုပ် ဟုတ် သည်ဖြစ်စေ၊
မဟုတ်သည်ဖြစ်စေ ရောင်းတမ်းဝင်ငွေချေးသက်သေခံစာချုပ်ဖြစ်၍
(က) ထပ်ဆင့်လက်မှတ်ရေးထိုး၍
သော်လည်းကောင်း၊ သီးခြားအလွှဲအပြောင်း စာချုပ်စာတမ်းချုပ်ဆို၍သော်လည်းကောင်း လွှဲပြောင်းနိုင်သည့်တန်ဖိုး
အပေါ်တွင် ၀.၅ ရာခိုင်နှုန်းဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး
(ခ) လက်ရောက်ပေးအပ်၍လွှဲပြောင်းနိုင်လျှင်
တန်ဖိုးအပေါ်တွင် ၂ ရာခိုင်နှုန်း ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
အကယ်၍ စာချုပ်မှာ
အပေါင်စာချုပ်နှင့် သက်ဆိုင်ပါက မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား
(၁) စဉ် ၄၀ အရ အပေါင်စာချုပ်ဖြစ်ပါက ၎င်းမှာပိုင်ဆိုင်ကြောင်းပြသည့် စာချုပ်စာတမ်း
များ တင်သွင်းခြင်းနှင့်လည်းကောင်း အပေါင်အနှံနှင့်လည်းကောင်း သက်ဆိုင်သည့် သဘောတူစာချုပ်
မဟုတ်သည့် အပေါင်စာချုပ်ဖြစ်၍
(က) အဆိုပါ
စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ၊ ပေါင်နှံသူက
လက်ရှိပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင် အဆိုပါစာချုပ်ဖြင့် အာမခံပေး သည့်
ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခွန်မှာ ၂ ရာခိုင်နှုန်း ဖြစ်သည်။
(ခ) အထက်တွင်ဆိုခဲ့သည့်အတိုင်း
လက်ရှိမပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောမတူလျှင် ၀.၅ ရာခိုင်နှုန်းဖြင့် တံဆိပ်ခေါင်းခွန်
ထမ်းဆောင် ရမည်ဖြစ်ပါသည်။
တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများတွင်
ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန် အပြည့်အဝထမ်းဆောင်ထားခြင်းမရှိလျှင် ဥပဒေအရ သို့မဟုတ်
အမှုသည် တို့၏ သဘော တူညီချက်အရ သက်သေခံချက်ရယူပိုင်ခွင့်အာဏာရှိသူ တစ်ဦး တစ်ယောက်က
မည်သည့် အမှုကိစ္စနှင့်မျှ သက်သေခံချက်အဖြစ် လက်ခံခွင့်မရှိသည့် အပြင် ထို စာချုပ်စာတမ်းအရ
ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် မှန်ကန် ကြောင်း အသိအမှတ်ပြု သက်သေခံ ချက်လက်မှတ်ရေးထိုးခြင်းများ
ဆောင်ရွက်ခွင့် မရှိ ကြောင်း မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၃၅ တွင် ပြဋ္ဌာန်းထားပါ
သည်။ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင်ထားခြင်း မရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ
ပုဒ်မ ၃၃ အရ သိမ်းချုပ်၍ ဒဏ်ကြေးငွေ ၃ ဆ တပ်ရိုက်ခြင်းခံရပါမည်။ လျော့နည်းသည့် တံဆိပ်ခွန်နှင့်
တပ်ရိုက်သည့်ဒဏ်ငွေတို့ကို အပြည့်အဝပေးသွင်းပြီးမှသာ အဆိုပါစာချုပ် သည် တရားဝင်စာချုပ်စာတမ်းအဖြစ်သို့
ရောက်ရှိပြီး မှတ်ပုံတင်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းစသည်တို့ကို တရားဝင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
တစ်ဦးချင်းပုဂ္ဂိုလ်မှလျော်ကြေးခံဝန်ချုပ်နှင့်စပ်လျဉ်းသော စာချုပ်အပေါ်တွင်
မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် (၃၄) အရ လျော်ကြေးခံဝန်ချုပ်အပေါ်တွင်
၀.၅% ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်းနှင့် ထိုတံဆိပ်ခေါင်းခွန်ကို
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂၉ အရ စာချုပ်စာတမ်းကိုရေးသားသူ၊ ပြုလုပ်သူ
သို့မဟုတ် ချုပ်ဆိုသူက ပေးဆောင်ရမည် ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ်
ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁)
စဉ် ၅၇ အရ ၎င်းမှာ ရာထူးအလျောက် ကျနစွာဆောင်ရွက်ရန် သို့မဟုတ် ထိုရာထူးအလျှောက် ရရှိသည့်ငွေ
သို့မဟုတ် အခြားပစ္စည်းအတွက် တာဝန်ခံရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် သို့မဟုတ် ပဋိညာဉ်အတိုင်း
ကျနစွာဆောင်ရွက်စေရန် ခံဝန်သူက ချုပ်ဆို သည့်စာချုပ်ဖြစ်၍-
(က) အာမခံသည် ငွေပေါင်းကျပ်တစ်သိန်းငါးသောင်းထက်မပိုလျှင်
- အာမခံ သည့် ငွေအပေါ်တွင် ၀.၅%
(ခ) အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင်
- ကျပ်နှစ်ထောင့်ငါးရာဖြစ်၍ အထက် ဖော်ပြပါ ကိစ္စနှစ်ရပ်နှင့် အကျုံးဝင်သောစာချုပ်အပေါ်
တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည် ဖြစ်ပါသည်။
ကုမ္ပဏီမှ အခြားကုမ္ပဏီတစ်ခု၏ လုပ်ငန်းဖက်စပ် လုပ်ကိုင်မှုစာချုပ်ကို
ဖျက်သိမ်း သည့် စာချုပ်အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁)
စဉ် ၄၆(ခ) အရ တံဆိပ်ခေါင်းခွန်ထိုက်သင့်ငွေမှာ ကျပ် နှစ်ထောင်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခု ကိုချုပ်
ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီဖြစ်စေ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းခွန်
ထမ်းဆောင်ရမည်ဟု မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ တွင် ပြဋ္ဌာန်း ထားပါသည်။
ကပ်နှိပ်လိုသည့် စာချုပ်စာတမ်း/ စာအမှတ်စာတမ်းများ တင်ပြ၍ ထိုက်သင့်သည့် ရုံးခွန်/
တံဆိပ်ခေါင်းခွန်များကို မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးများနှင့် ဗဟိုအရောင်းကောင်တာများတွင်
ဥပဒေ/ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာ ဝယ်ယူကပ်နှိပ်နိုင်၏ပါသည်။
အဆောက်အဦငှါးရမ်းခြင်းအတွက် ၁၅ နှစ်စာ စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ
ထမ်းဆောင်ထားပြီး ငှါးရမ်းကာလ ၁၅ နှစ်မပြည့်သော်လည်း ပိုင်ရှင်အမည် ပြောင်းလဲသွားပါက
မူလစာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ပါသဖြင့် ပိုင်ရှင်အသစ်အမည်ဖြင့် အငှါးစာချုပ် ထပ်မံချုပ်ဆိုပြီး
တံဆိပ်ခေါင်းခွန်လည်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်၏ ၂၆-၁၁-၂၀၁၉ နေ့တွင် “မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ”
ကိုပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေတွင် တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင်မထားသော စာချုပ်စာတမ်းအပေါ်
ဒဏ်ကြေးငွေ တစ်ဆယ်ဆ အစား ဒဏ်ကြေးငွေ သုံးဆ ကို ပြင်ဆင် သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်ပါ၍
ဒဏ်ငွေ တပ်ရိုက်ရာတွင် မည်သည့်ကာလက ချုပ်ဆိုသည့် စာချုပ်ပင်ဖြစ်စေ ၂၆-၁၁-၂၀၁၉ ရက်နေ့
သို့မဟုတ် ယင်းနေ့ နောက်ပိုင်းတွင် သိမ်းချုပ်ခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း ပြုလျှင်
ဒဏ်ငွေကို သုံးဆ သာ ပေးဆောင်စေရမည်ဖြစ်ပါသည်။
ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန်ရည်ရွယ်သည့်ကုမ္ပဏီတစ်ခုခုဖြစ်စေ ကုမ္ပဏီ သို့မဟုတ်
ဖွဲ့စည်းရန် ရည်ရွယ်သည့် ကုမ္ပဏီတစ်ခုခုက ချေးယူလိုက်သည့် ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ
အစုရှယ်ယာများကို ခွဲဝေသတ်မှတ်သည့်စာအပေါ် တံဆိပ်ခေါင်း ခွန် မှာ ကျပ် ခြောက်ရာ ထိုက်သင့်ပါသည်။
ကုမ္ပဏီမှ ဆိုင်ကယ်ရောင်းချသည့် မြေနေရာအငှါးစာချုပ်အား
ပြန်လည်အပ်နှံစာချုပ် အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (၁၆)
(ခ) အရ မရွေ့မပြောင်း နိုင်သောပစ္စည်းကို ငှါးရမ်းသည့် စာချုပ်စာတမ်းနှင့် သက်ဆိုင်ပါက
မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၆၁ တွင် အငှါးစာချုပ်
ပြန်အပ်စာတမ်းနှင့် စပ်လျဉ်း၍
(က) အငှါးစာချုပ်အတွက်
ထိုက်သင့်သော တံဆိပ်ခေါင်းခွန်မှာ ကျပ် ၅၀၀ ထက် မပိုလျှင် - အဆိုပါ အငှါးစာချုပ်အတွက်
ထိုက်သင့်သော တံဆိပ်ခေါင်းခွန်။
Audit Firm နှင့် စာချုပ်ချုပ်ဆိုထားသော သီလဝါစက်မှုဇုန်အတွင်းရှိ ကုမ္ပဏီတစ်ခုမှ
စာချုပ်မူရင်းမဟုတ်သော Scan ဖတ်ထားသော စာချုပ်စာတမ်းအပေါ် တံဆိပ်ခေါင်း ကပ်နှိပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ မြန်မာနိုင်ငံ အတွင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်သော
စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူ မဆို စာချုပ်ချုပ်ဆိုသည့်အချိန်ဖြစ်စေ၊ စာချုပ်မချုပ်ဆိုမီ
အချိန်တွင်ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် မူရင်းစာချုပ်စာတမ်းအပေါ်တွင်
သာ တံဆိပ်ခေါင်း ကပ်နှိပ်ရမည်ဖြစ်ပါသည်။