ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ်
(၂) အရ တစ်ဦးချင်းပုဂိ္ဂုလ်အတွက် ဖြစ်လျှင် သက်သာခွင့်ပြုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အခွန်ထမ်းအတွက်အခြေခံခွင့်ပြုငွေ = ၂၀% (ခွင့်ပြုငွေကျပ် သိန်း၁၀၀ထက် မကျော်စေရ)
(ခ) အိမ်ထောင်ဖက်အတွက်ခွင့်ပြုငွေ =
၁၀ သိန်း
(ဂ) သား/သမီး(တစ်ဦးလျှင်) =
၅ သိန်း
(ဃ) အတူနေမိဘ(တစ်ဦးလျှင်) = ၁၀ သိန်း
(င) အခွန်ထမ်းနှင့်
အိမ်ထောင်ဖက်၏ အသက်အာမခံအတွက်ပေးရသောပရီမီယံ
(စ) နည်းဥပဒေများဖြင့်ပြဋ္ဌာန်းသည့်
ငွေစုဆောင်းခြင်းအတွက်ပေးရသည့်ဝင်ငွေ တို့ဖြစ်ပါသည်။
အထက်ဖော်ပြပါနှင့်
ခွင့်ပြုငွေများကို ဝင်ငွေခွန်နည်းဥပဒေ ၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ သက်သာခွင့်ပြုတွက်ချက်နိုင်ပါသည်။
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပေဒ ပုဒ်မ
၃၀ တွင် ဖော်ပြထား သည်မှာ အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များအတွက်
နိုင်ငံခြားငွေ ဖြင့် ဝင်ငွေရရှိလျှင် ယင်းဝင်ငွေအပေါ် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း
၈ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားဖြစ်ပါ
က ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုး အစားဖြင့်လည်းကောင်း
ဝင်ငွေခွန်ပေးဆောင် ရမည် ဖြစ်ပါ သည်။
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ပြည်ပနေနိုင်ငံခြား သား၏လစာဝင်ငွေရရှိမှုအပေါ်
မြန်မာနိုင်ငံ၌ လစာဝင်ငွေခွန် ပေးဆောင်ရန် တွက် ချက်ရာတွင် ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင်
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုရ။ ယင်း၏
စုစုပေါင်းဝင်ငွေအပေါ် လစာ ခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက ဤ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)
ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် လူမှုဖူလုံရေး
ရန်ပုံငွေနှင့် အသက်အာမခံတို့သည် သက်သာခွင့်ပြု ငွေများဖြစ်၍ နှုတ်ယူခွင့်မပြုပါ။
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ အရ မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ်
ရ ရန်ရှိ သည့် လစာ/ လုပ်ခ/ နှစ်စဉ်ကြေး၊ ဆုချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ်
ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင် တို့အတွက် လစာ ခေါင်းစဉ်ဖြင့်
အခွန်ထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသဖြင့် ဝန်ထမ်းအား ရှားပါး စရိတ်ချီးမြှင့်ခြင်းသည်
ထပ်ဆောင်းပေးသည့်ငွေဖြစ်သဖြင့် လစာဝင်ငွေခွန် တွက် ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပါသည်။
ပြည်ပနေနိုင်ငံသားတစ်ဦးသည် ပြည်ပတွင်အလုပ်လုပ်ပြီးနောက်ရရှိသည့် လစာ ဝင်ငွေအပေါ်
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ (က) စဉ် (၄) အရ ပြည်ပတွင်
နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာခေါင်းစဉ်မှ ဝင်ငွေအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်ဖြစ်ပါသည်။
ကုမ္ပဏီမှ အလုပ်ရပ်စဲလိုက်သောဝန်ထမ်းအား ပေးသည့်နစ်နာကြေးအပေါ် လစာ ဝင်ငွေခွန်ပေးဆောင်ရာတွင်
ထည့်သွင်းတွက်ချက်ရန်မလိုပါ။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ တွင် ဖော်ပြထားသော လစာဝင်ငွေခွန်နှင့်
အကျုံးဝင်ပါက ထည့်သွင်းတွက်ချက် ရမည်ဖြစ်၍ ယင်းဥပဒေ ပုဒ်မ ၉ နှင့် အကျုံးမဝင်သော ကိစ္စရပ်များအား
လစာ ဝင်ငွေ ခွန်ပေးဆောင် ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ။
ပြည်တွင်းနေနိုင်ငံခြားသား၏ လစာဝင်ငွေခွန် နုတ်ယူ ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်
ပတခ(ဝင)-၁၅(က) ပုံစံကို သက်ဆိုင်ရာနိုင်ငံများသို့ တင်ပြသည့်အခါ မှန်ကန်ကြောင်းထောက်ခံချက်ကို
အလုပ်ရှင် ကုမ္ပဏီမှတစ်ဆင့် လစာဝင်ငွေခွန်ပေးသွင်းသည့် သက်ဆိုင်ရာအခွန်ရုံးသို့လျှောက်ထားရပါမည်။
ယင်း သို့ လျှောက်ထားရာတွင် လစာနှစ်ချုပ်စာရင်း ပတခ(ဝင)-၀၃-၀၇(က)၊ ပတခ(e-payment)-၁
သို့မဟုတ် ပတခ(e-payment)-၂ မိတ္တူများ ပူးတွဲလျှက် သက်ဆိုင်ရာ အခွန်ရုံးသို့ တင်ပြရပါမည်။
ပြည်တွင်းနေနိုင်ငံခြားသား၏ လစာဝင်ငွေခွန်တွက်ချက်ရာတွင်
ပြည်ပ၌ထားရှိသော အသက်အာမခံအတွက်ပေးရသောပရီမီယံငွေနှင့် စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ
၃၊ ပုဒ်မခွဲ (ဎ)၊ ပုဒ်မခွဲငယ် (၁) အရ ပြည်တွင်းနေနိုင်ငံခြားသားဖြစ်ပါက ဝင်ငွေနှစ်
အတွင်း မြန်မာနိုင်ငံအတွင်းမှလည်းကောင်း၊ ပြည်ပမှလည်းကောင်း ရရှိသည့်လစာ ဝင်ငွေအားလုံးအပေါ်တွင်
ဝင်ငွေခွန်ပေးဆောင်ရမည်ဟု စုစုပေါင်းဝင်ငွေ၏ အဓိပ္ပါယ် ဖော်ပြချက်တွင် ဖော်ပြထားပါသဖြင့် ပြည်တွင်းနေနိုင်ငံခြားသား၏ ပြည်ပတွင်
ထား ရှိသော ပရီမီယံငွေနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပဝင်ငွေနှစ်ရပ်လုံးအပေါ် အခွန်ပေး
ဆောင်ခြင်းဖြစ်ပါက အဆိုပါ ပရီမီယံငွေအား ခုနှိမ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဝင်ငွေ တစ်ခု
တည်းဖြစ်ပါက ခုနှိမ်ခွင့်မပြုနိုင်ပါ။
လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် ဖြစ်သော ပတခ(ဝင)-၁၅(က)
တွင်ပါရှိသော လစာဝင်ငွေခွန် နုတ်ယူပေးသွင်းသူနေရာတွင် BOD အဖွဲ့ဝင်တစ်ဦး သို့မဟုတ်
မန်နေဂျာ သို့မဟုတ် အထွေထွေမန်နေဂျာ က လက်မှတ် ရေးထိုးရန် ဖြစ်ပါသည်။
ကုမ္ပဏီမှဝန်ထမ်းတစ်ဦးသည် ၁ နှစ်ပြည့်သည်အထိ အလုပ်မလုပ်ဘဲ ၁၀ လသာ အလုပ် လုပ်၍
ကုမ္ပဏီမှ အလုပ်ထွက်သွားခြင်းကိစ္စနှင့် စပ်လျဉ်း၍ လစာဝင်ငွေခွန် နုတ်ယူ ပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ်ပုံစံဖြစ်သော
ပတခ(ဝင)-၁၅(က) အား ဝန်ထမ်းမှ တစ်ကယ်ပေးသွင်းခဲ့သော သက်ဆိုင်ရာလအထိ ဖြည့်သွင်း ပြီးကျန်ရှိသည့်
ကာလကို ကန့်လန့်ဖြတ်မျဉ်းဆွဲ၍ ဝန်ထမ်းသို့ထုတ်ပေးရမည်ဖြစ်ပြီး၊ မူရင်းခွဲကို ကုမ္ပဏီတွင်
သိမ်းဆည်းထားရမည်ဖြစ်ပါသည်။
ကုမ္ပဏီ၏ ဝန်ထမ်းအား လစာဝင်ငွေခွန်ပေးဆောင်ရန် တွက်ချက်မှုတွင်
ကျန်းမာရေး အာမခံအား သက်သာခွင့်ပြုငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ
(ဂ)၊ ပုဒ်မခွဲငယ် (၂) ၏ စဉ် (ဂဂ) တွင် “အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံ အတွက်
ပေးရသောပရီမီယံ” ဟုဖော်ပြထားပါသဖြင့် ထိုဥပဒေအရ အသက် အာမခံအတွက် ဟုသာပါရှိသဖြင့် ကျန်းမာရေးအာမခံအား
သက်သာခွင့်ပြုငွေ အဖြစ် နုတ်ယူခွင့်မရှိပါ။
ကုမ္ပဏီမှ နိုင်ငံခြားသားတစ်ဦး၏ ပြည်တွင်း၌လစာဝင်ငွေခွန်ရရှိမှုအပေါ်
လစာ ဝင်ငွေခွန် ပေးဆောင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ
(ဋ)၊ ပုဒ်မခွဲငယ် (၁) အရ တစ်ဦးချင်းပုဂိ္ဂုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌
ရက်ပေါင်း တစ်ရာ ရှစ်ဆယ့်သုံးရက်ထက်မနည်း နေထိုင်သော နိုင်ငံခြားသားဖြစ်ပါက ပြည်တွင်း
နေနိုင်ငံခြားသားအနေဖြင့် လစာဝင်ငွေခွန်ကို တွက်ချက်ရမည်။ အကယ်၍ ဝင်ငွေနှစ် အတွင်း
မြန်မာနိုင်ငံ၌ရက်ပေါင်း တစ်ရာရှစ်ဆယ့်သုံးရက်မကျော်ပဲ နေထိုင် ပါက ပြည်ပ နေနိုင်ငံခြားသားအနေဖြင့်
လစာဝင်ငွေခွန်ကို တွက်ချက်ရမည် ဖြစ်ပါ သည်။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ လစာမှ နှစ်တစ်နှစ်အတွင်း ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင်
လစာဝင်ငွေ ပေးဆောင်ရန် မလိုပါ။ တစ်နှစ်လစာဝင်ငွေကျပ် ၄၈ သိန်း ထက်ကျော်လွန်ပါက စုစုပေါင်းဝင်ငွေမှ
ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ရှိသောဝင်ငွေအား
ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာလိုက် နှုန်းထားများ အတိုင်းတွက်ချက် ပေးဆောင် ရမည်ဖြစ်ပါသည်။
ပြည်တွင်းနေ နိုင်ငံခြားသားနှင့် ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် အထက်ဖော်ပြပါ သက်သာခွင့်များ
နုတ်ပယ်ခွင့်ပြုပေး၍ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပေဒ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ၏ ဇယားပါ ဝင်ငွေခွန်နှုန်းထားများအတိုင်း
လစာဝင်ငွေခွန်ကို တွက်ချက် ရပါမည်။ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက သက်သာခွင့်များ နုတ်ပယ်ခွင့်ပြုမည်
မဟုတ်ဘဲ ဇယားပါ ဝင်ငွေခွန်နှုန်းထားများအတိုင်း လစာဝင်ငွေ ခွန်ကျသင့်မည် ဖြစ်ပြီး ယင်းကို
ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည် ဖြစ်ပါသည်။
ကုမ္ပဏီမှ ဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား လစဉ်ပေးဆောင်ပြီးနောက်
လစာ ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က)
တွင် အချက်အလက်များပြည့်စုံစွာရေးသွင်းပြီး လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့
နှစ်စဉ်ထုတ်ပေး၍ မူရင်းခွဲအား မှတ်တမ်းထား ရှိရမည်။ အဆိုပါပုံစံ၏ စာမျက်နှာ (၂) အား
ကျောကပ်၍ စာရွက် တစ်ရွက်တည်း ထုတ်ပေး ရမည်။ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့
အထောက် အထား လက်မှတ် Paye Certificate ထုတ်ပေးရာတွင် အဆိုပါ ဝန်ထမ်းအတွက် ပထမဆုံး လစာ
နုတ်ယူပေးသွင်းသည့်လမှစ၍ ရေးသွင်းရမည်ဖြစ်ပြီးဝန်ထမ်းက မိမိရုံးတွင် ဆက်လက်လုပ်ကိုင်ခြင်း
မရှိသည့် လများအား ကန့်လန့်ဖြတ်မျဉ်းရေးဆွဲ၍ ပယ်ဖျက် ပေးရမည်။ မိမိကုမ္ပဏီမှဝန်ထမ်း
ပြောင်းရွေ့သွားပါက ဝင်ငွေခွန်နုတ်ယူ ပေးသွင်းခြင်းဆိုင်ရာ Paye Certificate ပတခ(ဝင)-၁၅(က)
မူရင်းခွဲကို ဝန်ထမ်းသို့ထုတ်ပေးရမည်။ ဝန်ထမ်းမှ နောက်အလုပ် ရသည့်အခါ မူရင်းခွဲကို
နောက်အလုပ်ရှင်အသစ်ထံသို့ ပေးရမည်။ အလုပ်ရှင်အသစ်သည် အဆိုပါမူရင်းခွဲပါ လစာဝင်ငွေပမာဏနှင့်
မိမိရုံးမှ ထုတ်ပေး မည့်လစာဝင်ငွေပမာဏကို ဘဏ္ဍာနှစ်တစ်နှစ်စာအတွက် လစာဝင်ငွေခွန်တွက်ချက်ရာတွင်
ထည့်သွင်း တွက် ချက်ရ မည်။ အခြေပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ အခြားတစ်နည်းနည်းဖြင့်
ရယူဆောင်ရွက်သည့်အခါ ဝင်ငွေရလမ်းတင်ပြရာတွင် ယခင်က အသုံးပြုခဲ့သည့် အခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ်ကဲ့သို့
လစာဝင်ငွေခွန် ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က)
ကို လည်းတင်ပြ နိုင်ပါသည်။ ပတခ(ဝင)-၁၅(က) ပုံစံအား IRD ၏ website ဖြစ်သော www.ird.gov.mm ၏ Home Page >> Media
>> form for SAS Tax office >> ဝင်ငွေ ကြေညာလွှာခေါင်းစဉ်များအောက်ရှိပုံစံများတွင်လည်း
Download ရယူနိုင် ပါသည်။
ကုမ္ပဏီမှ လစာထုတ်ပေးရန်တာဝန်ရှိသူသည် တစ်နှစ် အတွက် ကျသင့်သည့်လစာ ဝင်ငွေခွန်ကို
ခန့်မှန်းတွက်ချက်၍ လစာထုတ်ပေးသည့်အချိန်တွင် အတတ်နိုင်ဆုံး အညီအမျှ အရစ်များဖြင့်နုတ်ယူပြီး
ဝင်ငွေခွန်စည်းမျဉ်း ၁၄(ခ) အရ နုတ်ယူပြီးသည့် နေ့မှ (၁၅) ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူး
သို့မဟုတ် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ
အခွန် ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်။ နုတ်ယူထားသည့်နေ့မှ ၁၅ ရက် အတွင်း ပေးသွင်းရမည်။
နုတ်ယူထားသည့်နေ့မှ ၁၅ ရက် အတွင်းဖြစ်ပါက ပေးသွင်း သောအခွန်ကို သက်ဆိုင်ရာဝင်ငွေနှစ်အတွက်
ပေးသွင်းသည့်အခွန်အဖြစ်မှတ်ယူ ရမည်။ သို့ရာတွင် လိုအပ်လျှင် ညွှန်ကြားရေးမှူးချုပ်သည်
ပေးသွင်းရမည့်နေ့ရက်၊ ပေးသွင်းရမည့်နည်းလမ်း တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စည်းမျဉ်းခွဲ
(ဂ) ပါ သတင်းအချက် အလက်ပေးပို့ရမည့်နေ့ရက်၊ ပေးပို့ရမည့်နည်းလမ်း တို့နှင့်စပ်လျဉ်း၍
လည်းကောင်း သတ်မှတ်ပေးနိုင်သည်။ လစာဝင်ငွေနှစ်ချုပ်ကြေညာလွှာကို သက်ဆိုင် ရာ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး
သုံးလအတွင်း တင်သွင်းရပါမည်။
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ (ခ)
အရ မည်သူမဆို အခွန်ဥပဒေ တစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင်ရမည့် အခွန်အားလုံးကိုဖြစ်စေ၊
ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ အဆိုပါအရစ်အတွက် ပေးဆောင်ရန် သတ်မှတ်ရက်အတွင်း ပေးဆောင်ရန်
ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်း နှင့်ညီမျှသော ပမာဏကို
နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် ကုမ္ပဏီမှဝန်ထမ်းများ၏
လစာဝင်ငွေပေး ဆောင်ခဲ့ခြင်းမရှိသောအခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏကို ဒဏ်ကြေး
အဖြစ် ပေးဆောင်ရမည် ဖြစ်ပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ (ဂ) အရ ပင်ရင်း
မှနုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ယူပေးသွင်းရန် သတ်မှတ်ခံထားရသူ တစ်ဦးဦးသည် အခွန်ကိုနုတ်ယူပေးသွင်းခြင်းမပြုလျှင်
ထိုအခွန်နှင့်စပ်လျဉ်း၍ ပျက်ကွက်သူ အဖြစ် မှတ်ယူခြင်းခံရမည်ဖြစ်ပြီး နုတ်ယူခြင်းမရှိသည့်
အခွန်အား ပေး ဆောင်ရန် တာဝန်ရှိစေရမည်။
လစာဝင်ငွေခွန်နုတ်ယူပေးသွင်းသူ(ကုမ္ပဏီ/ ဌာန/ အဖွဲ့အစည်း)အနေဖြင့် ပတခ(ဝင)-၁၅(က)
တွင် အချက်အလက်များပြည့်စုံစွာရေးသွင်း၍ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခံရသူ (ဝန်ထမ်းတစ်ဦးချင်း)
ထံသို့ နှစ်စဉ်ထုတ်ပေး၍ မူရင်းခွဲအား မှတ်တမ်းထားရှိရမည်။ အခြေပစ္စည်းဝယ်ယူခြင်း/ တည်ဆောက်ခြင်း/
အခြားတစ် နည်းနည်းဖြင့်ရယူခြင်း ဆောင်ရွက်သည့်အခါ ဝင်ငွေရလမ်းတင်ပြရာတွင် ယခင်က အသုံးပြုခဲ့သည့်
အခွန် ပေးဆောင်မှုမှတ်တမ်းစာအုပ်ကဲ့သို့ လစာဝင်ငွေခွန် နုတ်ယူ ပေးသွင်းခြင်းဆိုင်ရာ
အထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) ကိုလည်း တင်ပြနိုင်ပါသည်။ ယင်းပုံစံ အား ပြည်တွင်းအခွန်များဦးစီးဌာန၏
website ဖြစ်သော www.ird.gov.mm ၏ Home Page
>> media >> Form for SAS Tax office ၏ ဝင်ငွေကြေညာလွှာခေါင်းစဉ်အောက်
ရှိ ပုံစံများတွင် Download ရယူနိုင်ပါသည်။
MIC မှ ခွင့်ပြုလျက်ရှိသော လုပ်ငန်းအမျိုးအစားများ၌
မိမိကုမ္ပဏီနှင့် ကိုက်ညီမည့် လုပ်ငန်းခေါင်းစဉ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ လုပ်ငန်းနှင့်
သက်ဆိုင်သည့် အခြားဝန်ကြီးဌာနများ၏ ထောက်ခံချက်များလည်း ပြည့်စုံစွာပါရှိမှသာ ခွင့်ပြုချက်
ရရှိနိုင်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀ အရ ပြည်ထောင်စုလွှတ်တော်မှ
၁၈-၁၀-၂၀၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၏
“အခန်း (၁၈) ကင်းလွှတ်ခွင့်နှင့် သက်သာခွင့်များ” ခေါင်းစဉ် ပါ အချက်များအားခံစားနိုင်ပါကြောင်း၊
လုပ်ငန်းစတင်သည့်ခုနှစ်မှစ၍ MIC မှ ကင်းလွတ်ခွင့်ပြုသည့်ကိစ္စရပ်များအား ခံစားနိုင်ပါကြောင်း၊
ဝင်ငွေခွန် ကင်း လွတ်ခွင့် ရရှိပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုအပ်ဘဲ၊ လစာဝင်ငွေခွန်ကိုသာ
ပေး ဆောင်ရန် လိုအပ်ပါကြောင်း MIC ခွင့်ပြုကာလကုန်ဆုံးပြီးနောက် ပေးဆောင် ရမည့်အခွန်
နှင့်ပတ်သက်ပြီး နှစ်စဉ်ပြဋ္ဌာန်းလျှက်ရှိသည့် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပါ နှုန်းထားများအတိုင်း
လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် ဆုံးရှုံးငွေပေါ်ပေါက်ခဲ့ပါက
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂၀ တွင် ဝင်ငွေနှစ်အတွင်းဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေရှိလျှင်
ထိုနှစ်အတွင်း ရရှိသည့် ကျန်ဝင်ငွေရလမ်းများမှ ဝင်ငွေတွင် ခုနှိမ်ပေးရမည်။ ကုန်စင်အောင်
ခုနှိမ်ခြင်း မပြုနိုင် သောဆုံးရှုံးငွေပေါင်းကို တစ်ဆက်တည်းသုံးနှစ်အထိသယ်ယူ ခုနှိမ်ခွင့်ပေးရမည်။
သို့ရာ တွင် ဤပုဒ်မသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ-
(က) အခြေပစ္စည်းမှမြတ်စွန်းငွေ
(ခ) ပုဂ္ဂိုလ်စုတစ်ခုခုမှအရှုံးဝေစုတို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ
၂၃ ပုဒ်မခွဲ (က) စဉ် (၁) အရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ်
အထူးကုမ္ပဏီအက်ဥပဒေ အရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့်
ကုမ္ပဏီ ဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း
အသားတင်အမြတ်ဝင်ငွေအပေါ် ၂၂% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ၎င်းအပြင် ပုဒ်မ ၂၃၊ ပုဒ်မခွဲ
(ဂ) အရ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်များ ပိုင်ကုမ္ပဏီများအပေါ် ဝင်ငွေခွန် ဥပဒေ
ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ် ခြင်းမပြုဘဲ စုစုပေါင်းအသားတင်အမြတ် ဝင်ငွေအပေါ် ၁၇% ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ၂၀၂၂ ခုနှစ်၊
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃-က တွင်လည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင်
ပါဝင်လုပ်ကိုင်သည့် ပုဂိ္ဂုလ် စုဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ
နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်စည်းကြပ်
ရမည်ဖြစ်ပါသည်။
ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန် နှင့်စပ်လျဉ်း၍
ဝင်ငွေခွန် ခုနှိမ်ပေးသွင်းရန်ပုံစံ ဖြစ် သော ပတခ(ဝင)-၀၅-၀၁ အား ပြည်တွင်းအခွန်များဦးစီးဌာန၏
website ဖြစ်သော www.ird.gov.mm ၏ Home Page
>> Media >> form for OAS Tax offices ထဲတွင် download ရယူနိုင်မည်ဖြစ်ပါသည်။