ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် Economic Officer (Second Sectrtary) ဖြစ်သူ Ms. India R Turner တို့တွေ့ဆုံခြင်း

နေပြည်တော်၊ အောက်တိုဘာလ  ၁၅

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၊ Call Room၌ ၁၅-၁၀-၂၀၁၈ ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် နှင့် Economic Officer (Second Secretary) ဖြစ်သူ Ms. India R Turner တို့တွေ့ဆုံ၍ ဘဏ္ဍာရေးနှစ်အသစ်စတင်မည့်အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အသစ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များ၏ အခွန်ပေးဆောင်မှုအခြေအနေများ၊ ဘဏ္ဍာရေးနှစ်အပြောင်းအလဲကိစ္စများကြောင့် အခွန် ကောက်ခံရရှိမှုအခြေအနေများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခွန်အမျိုးမျိုး ကောက်ခံ ရရှိမှုအပေါ် စီမံကြီးကြပ်မှုအခြေအနေများ၊ ကုမ္ပဏီများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်စုစုပေါင်းတို့၏ အခွန် ပေးဆောင်မှုအခြေအနေများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတင်းအချက်အလက် ဖြန့်ဝေနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။