သတင်းဆက်သွယ်ပြန်ကြားရေးသင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော်၊ အောက်တိုဘာလ  ၁၀

ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ ပြန်ကြားရေးအဖွဲ့ရုံးခန်း၌ ၁၀-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန် တွင် USOTA မှ Mr. Steve Mongelluzzo ပို့ချမည့် သတင်းဆက်သွယ်ပြန်ကြားရေးသင်တန်းအား စတင်ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် ရှင်းလင်းတင်ပြခြင်းစွမ်းရည်နှင့် မီဒီယာအင်တာဗျူးဆိုင်ရာ ပို့ချချက် များကို ၁၀-၁၀-၂၀၁၈ ရက်နေ့မှ ၁၂-၁၀-၂၀၁၈ ရက်နေ့အထိ (၃)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။