၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအား ရှင်းလင်းခြင်းအခမ်းအနား

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၁၈-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ ၊အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းဆိုင်ရာအခွန်ရုံးများမှ ဌာနမှူးများအား ရှင်းလင်း ဆွေးနွေးသည့်အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဌာနခွဲညွှန်ကြားရေးမှူးများမှ ဌာနခွဲများနှင့် သက်ဆိုင် သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ရှင်းလင်းဆွေးနွေးခဲ့မှု များအပေါ် လိုအပ်သည်များ သုံးသပ်မှာကြားခဲ့ပါသည်။

   အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဌာနခွဲညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းဆိုင်ရာအခွန်ရုံးများမှဌာနမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါ သည်။