၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအား ဝန်ကြီးဌာနများနှင့် မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ဘဏ္ဍာရေးတာဝန်ခံများသို့ ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော်၊ အောက်တိုဘာလ  ၅

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၅-၁၀-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ဝန်ကြီးဌာနများ နှင့် မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ဘဏ္ဍာရေးတာဝန်ခံများအား ရှင်းလင်းဆွေးနွေး သည့် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့်က ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ ဝန်ကြီးဌာနများနှင့်မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်း များမှ ဘဏ္ဍာရေးတာဝန်ခံ(၂၆၀) ဦးတက်ရောက်ခဲ့ကြပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြရာ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသျူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။