ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မည်သို့ပေးဆောင်ရမည်ကို သိလိုသဖြင့်မေးမြန်းခြင်း။

Answer

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ခ) အရ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် သုညရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် (သို့မဟုတ်) ထုတ်လုပ်စဉ်ကပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီ ခုနှိမ်နိုင်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများတွင် မည်သို့ပင်ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် (သို့မဟုတ်) ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံနိုင်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မည်သို့ပေးဆောင်ရမည်ကို သိလိုသဖြင့် မေးမြန်းခြင်း။

လုပ်ငန်းရှင်တစ်ဦးမှ သိရှိလိုသည်မှာ ဆီအုန်းမျိုးစေ့များ တင်သွင်းရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄(က) ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည် (၈၆) မျိုးအနက် အမှတ်စဉ် (၈) တွင် ဆီအုန်းပါဝင်ပါသဖြင့် ဆီအုန်း မျိုးစေ့များ တင်သွင်းရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ စိုက်ပျိုးရေး ထုတ်ကုန်များနှင့်စပ်လျဉ်း၍ သဘာဝနည်းနှင့်ဖြစ်စေ၊ ဖန်တီးပြုပြင်သည့်နည်းဖြင့် ပြုလုပ် သော်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်းမရှိမှသာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရမည် ဖြစ်ပါသည်။ အဆိုပါကုန်စည်များအား အခြားပစ္စည်းများနှင့် သဘာဝနည်းနှင့်ဖြစ်စေ၊ ဖန်တီး ပြုပြင်ပေါင်းစပ်၍ ဖြစ်ပေါ်လာသောကုန်စည်သည် ပုံသဏ္ဍာအနှစ်သာရ ပြောင်းလဲပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

လုပ်ငန်းရှင်တစ်ဦးမှ သိရှိလိုသည်မှာ ဆီအုန်းမျိုးစေ့များ တင်သွင်းရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်များထွက်ခွာဆောင်ရှိ သီးခြားသတ်မှတ်ထားသည့်နေရာတွင် နိုင်ငံခြားငွေဖြင့် ပစ္စည်းများရောင်းချခြင်း၊ လေဆိပ်ခန်းမအတွင်း ရှိ အခြားနေရာများတွင် ဆိုင်ခန်းဖွင့်လှစ်၍ ပစ္စည်းများရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်သည့်လုပ်ငန်းရှင်မှ မည်သည့် အခွ

Answer

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (က) အမှတ် စဉ် (၇၅) ပါ ပြည်ပသို့ထွက်ခွာမည့် ခရီးသည်များကို သီးခြားသတ်မှတ်ထားသည့် နေရာတွင် နိုင်ငံခြား ငွေဖြင့် ရောင်းချသည့်ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပါသည်။ လေဆိပ်ခန်းမ၏ အခြားနေရာတွင် ဆိုင်ခန်းဖွင့်လှစ်၍ ပစ္စည်းများရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ တစ်ဦး ချင်းပုဂ္ဂိုလ်ဖြစ်ပါက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉(ဂ) အရ  ဝင်ငွေခွန်ဥပဒေပုဒ်မ (၆) အရ သက်သာခွင့်များခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာလိုက်နှုန်းထားများ အရ ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ရန်ကုန်လေဆိပ်တွင် ခရီးသည်များထွက်ခွာဆောင်ရှိ သီးခြားသတ်မှတ်ထားသည့်နေရာတွင် နိုင်ငံခြားငွေဖြင့် ပစ္စည်းများရောင်းချခြင်း၊ လေဆိပ်ခန်းမအတွင်း ရှိ အခြားနေရာများတွင် ဆိုင်ခန်းဖွင့်လှစ်၍ ပစ္စည်းများရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်သည့်လုပ်ငန်းရှင်မှ မည်သည့် အခွန်များ ကင်းလွတ်ခွင့်ရရှိခြင်း/ မရှိခြင်းများ သိရှိလိုပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ကြိုတင်ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ပေးသွင်း ရန်ပျက်ကွက်မှုနှင့် ဝင်ငွေကြေညာလွှာ အချိန်မီတင်သွင်းရန် ပျက်ကွက်မှုအပေါ် ဒဏ်ငွေ မည်သို့ ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂(က) အရ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက် သောရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိလျှင် လစဉ်ကျသင့်သောအခွန်ကို သက်ဆိုင်ရာ လကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့ပြင် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်ဖြစ်ပါသည်။ ယင်းသို့ သတ်မှတ်ထားသော အချိန် အတွင်း လစဉ်ကျသင့်အခွန် ပေးသွင်းရန်ပျက်ကွက်ခြင်း၊ သုံးလတစ်ကြိမ်ကြေညာလွှာ ပေးပို့ ရန် ပျက်ကွက်ခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁(ခ) အရ ပျက်ကွက်မှု တစ်မျိုးစီအလိုက် စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ ဝင်ငွေနှစ် အတွင်း မိမိရရှိမည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ပုဒ်မခွဲငယ်(၁) အရကျသင့်သည့် အခွန်ကိုသုံးလတစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပြီး သုံးလပြည့်မြောက်သည့်နေ့ရက်မှ ၁၀ ရက် အတွင်း သတ်မှတ်သည့်နည်းလမ်းများ အတိုင်းပေးသွင်းရမည်ဖြစ်ပါသည်။ ယင်းသို့ ပေးဆောင် ရမည့်အခွန်ကို မပေးသွင်းလျှင် သို့မဟုတ် ပေးသွင်းရမည့်အခွန်သည် သက်ဆိုင်ရာ စည်းကြပ်မှု တွင် ကျသင့်သည့်အခွန်ထက်လျော့လျှင် ပုဒ်မ၁၆-က ပုဒ်မခွဲ (ဂ) အရ ပေးသွင်းရန် ပျက်ကွက် သည့်ငွေ သို့မဟုတ် လျော့ငွေ၏တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (က)အရ ဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိလျှင် ထိုဝင်ငွေနှစ်အတွက် မိမိ၏ ဝင်ငွေ ကြေညာလွှာကိုလည်းကောင်း၊ ဘာသာရေးသို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်းများမှအပ ကုမ္ပဏီအပါအဝင် မည်သည့်ပုဂ္ဂိုလ်စုမဆို ထိုဝင်ငွေနှစ်အတွက် မြတ်စွန်းငွေရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ဝင်ငွေကြေညာလွှာကိုစည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ဝင်ငွေနှစ် ကုန်ဆုံးပြီး သုံးလအတွင်းပေးပို့ရမည် ဖြစ်ပါသည်။ ယင်းသို့ ဝင်ငွေ ကြေညာလွှာ အချိန်မီ ပေးပို့ရန်ပျက်ကွက်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၆ အရ ပေးဆောင်ရမည့် အခွန်အပြင် ယင်း အခွန်၏တစ်ဆယ်ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါ သည်။         

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ကြိုတင်ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ပေးသွင်း ရန်ပျက်ကွက်မှုနှင့် ဝင်ငွေကြေညာလွှာ အချိန်မီတင်သွင်းရန် ပျက်ကွက်မှုအပေါ် ဒဏ်ငွေ မည်သို့ ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းအတွက် မည်သည့် အခွန်များပေးဆောင်ရမည်ကို သိရှိလိုသဖြင့်မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု (၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ဝန်ဆောင်မှုရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာ ခွင့်များမနုတ်ပယ်မီ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ % ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည် ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းအတွက် မည်သည့် အခွန်များပေးဆောင်ရမည်ကို သိရှိလိုသဖြင့်မေးမြန်းခြင်းဖြစ်ပါသည်။        

ပြည်တွင်းရှိ ဥပဒေအကြံပေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက သီလဝါ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီတစ်ခုသို့ ဥပဒေအကြံပေး ဝန်ဆောင်မှုပြုလုပ်ပေးခြင်းအတွက် ၄င်းကုမ္ပဏီအား ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်ထည့်သွင်း တောင်းခံရာ၌ ၄င်းမှာသီလဝါ အထူးစီးပွားရေးဇု

Answer

ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု (၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ၄င်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် ဝန်ဆောင်မှုကိုရယူသူ ကုမ္ပဏီထံမှ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရမည် ဖြစ်သော်လည်း ဝန်ဆောင်မှုရယူသူထံမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေပါ သက်သာခွင့်၊ ကင်းလွတ်ခွင့်များကိုခံစားနိုင်ရန် ဇုန်စီမံခန့်ခွဲရေးကော်မတီထံမှ ပေးအပ်ထားသော အထောက် အထားမိတ္တူများ ရယူထားရမည် ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ  ဥပဒေအကြံပေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက သီလဝါ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီတစ်ခုသို့ ဥပဒေအကြံပေး ဝန်ဆောင်မှုပြုလုပ်ပေးခြင်းအတွက် ၄င်းကုမ္ပဏီအား ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်ထည့်သွင်း တောင်းခံရာ၌ ၄င်းမှာသီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့်ရသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိ ထား၍ ထည့်သွင်းတောင်းခံရန် မလိုအပ်ပါကြောင်း ပြောကြားလာပါသဖြင့် ထည့်သွင်း တောင်းခံရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုကပြည်တွင်းမှ အလုပ်သမားများအား ဂျပန်နိုင်ငံရှိ စက်ရုံများသို့ အလုပ်သွား ရောက်လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလိုပါသည်။

Answer

ပြည်တွင်းရှိ  ကုမ္ပဏီတစ်ခုကပြည်တွင်းမှ အလုပ်သမားများအား ဂျပန်နိုင်ငံရှိ စက်ရုံများသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ) အရကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု  ( ၃၀ ) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၂၃(က)(၁) အရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့်အသားတင်အမြတ်ဝင်ငွေ အပေါ် ၂၅% ဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုကပြည်တွင်းမှ အလုပ်သမားများအား ဂျပန်နိုင်ငံရှိ စက်ရုံများသို့ အလုပ်သွား ရောက်လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလိုပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဘာသာစကားများကို သင်ကြားပို့ချပေးသည့် ဝန်ဆောင်မှု လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/ မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ဘာသာစကားများကို သင်ကြားပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့် သည့် ဝန်ဆောင်မှု (၃၀)မျိုး အမှတ်စဉ်(၅) ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဘာသာစကားများကို သင်ကြားပို့ချပေးသည့် ဝန်ဆောင်မှု လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/ မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်ပနေနိုင်ငံခြားသားက ပင်လယ်ကူးသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင် ခြင်းအား မည်သည့်အခွန်များကျသင့်မည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်ပနေနိုင်ငံခြားသားပိုင် (သို့မဟုတ်) ယင်းက စင်းလုံးငှားသောပင်လယ်ကူး သင်္ဘောသည် မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ပြန်လည်ထွက်ခွာလျှင် တစ်ခေါက်ခြင်းမှ ဝင်ငွေ အတွက် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါသင်္ဘောများသည် မြန်မာနိုင်ငံ ဆိပ်ကမ်းကခရီးသည်ပို့ဆောင်ရေးနှင့် တိရိစ္ဆာန် သို့မဟုတ် အခြားပစ္စည်းသယ်ဆောင်ခ ရရှိငွေအားလုံး၏ ၅% သည် ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်း ခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄(ဃ) အမှတ်စဉ် (၆) ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း(ပိုက်လိုင်းဖြင့်သယ်ယူပို့ဆောင်ရေးမှအပ ဖြစ်သည့် ရထား၊ မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်၊ ဝန်ချီစက်များဖြင့် သယ်ပို့ပေးခြင်း) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ရန်မလိုပါ။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃(က) (၂) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်ပယ်မီ စုစုပေါင်း အသားတင် အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်ပနေနိုင်ငံခြားသားက ပင်လယ်ကူးသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင် ခြင်းအား မည်သည့်အခွန်များကျသင့်မည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးမှ ပြည်ပမှကွန်ပျူတာများတင်သွင်း၍ ပြည်တွင်း၌ ဂိမ်းဆိုင် ဖွင့်လှစ်မည်ဖြစ်ရာ မည်သည့်အခွန်များပေးဆောင်ရမည်ကိုသိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးက ပြည်ပမှ ကွန်ပျူတာများ တင်သွင်းရာတွင် ကုန်းပေါ် ရောက်တန်ဖိုးအပေါ် ကြိုတင်ဝင်ငွေခွန် ၂% နှင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကိုပေးဆောင်ရ မည်ဖြစ်ပါသည်။ ဂိမ်းဆိုင်ဖွင့်လှစ်ခြင်းလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ)၏ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု လုပ်ငန်း(၃၀) မျိုးတွင်မပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၉(ဂ) အရ ဝင်ငွေခွန် ဥပဒေပုဒ်မ (၆) အရ သက်သာခွင့်များခုနှိမ်ပြီး နောက်ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာလိုက် နှုန်းထားများဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးမှ ပြည်ပမှကွန်ပျူတာများတင်သွင်း၍ ပြည်တွင်း၌ ဂိမ်းဆိုင် ဖွင့်လှစ်မည်ဖြစ်ရာ မည်သည့်အခွန်များပေးဆောင်ရမည်ကိုသိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။